အေစီမီလန်အသင်းသည် အသင်းဂိုးသမား ဒွန်နာရမ် မာအား တစ်နှစ်လစာ ယူရို(၈)သန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။
အသက် (၂၂)နှစ်အရွယ်ရှိ အီတလီဂိုးသမား ဒွန်နာရမ်မာသည် လက်ရှိတွင် အေစီမီလန်အသင်း၌ တစ်နှစ်လစာ ယူရို (၆)သန်းရရှိနေပြီး ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လက်ရှိတွင် အေစီမီလန်အသင်း၏ ကမ်းလှမ်းမှုကို ကစားသမားဘက်က အကြောင်းပြန်ခြင်းမရှိသေးကြောင်းလည်း သိရသည်။ ထို့ကြောင့် အေစီမီလန်အသင်းသည် အဆင်မပြေပါက ၎င်းနေရာ၌ အစားထိုးရန် ဂိုးသမား ရှာဖွေနေကြောင်း သိရသည်။