ချဲလ်ဆီး Vs ဘရိုက်တန်
ဘရိုက်တန်ဟာ ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ကွင်းမှာ အမှတ်လုယူခံခဲ့ရပါတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကတော့ တကယ့်ကို ရယ်စရာ ဖြစ်ပြီး ဘရိုက်တန်တို့ မရှုံးသင့်ခဲ့ပါဘူး။ ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြ ဘဝ ပထမဦးဆုံး အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရသွားလိမ့်မယ်လို့ ကျနော် ရွေးချယ်ပါတယ်။ လမ်းပတ်အနေနဲ့ ချဲလ်ဆီးကို ၃ ပွဲ ကိုင်တွယ်ရာမှာ ၃ ပွဲစလုံး ရှုံးတာကို အလိုရှိမှာ မဟုတ်ပါဘူး။ မဟုတ်ရင် ပိုင်ရှင်က နောက်ထပ် ယာယီနည်းပြကို ရှာဖွေသွားနိုင်ပါတယ်။
ခန့်မှန်းချက် : 2-1
တော့တင်ဟမ် Vs ဘုန်းမောက်
အိမ်ကွင်းမှာတော့ ကျနော် စပါးကို အကြိုက်တွေ့မိပါတယ်။ စပါးဟာ ဘရိုက်တန်ကို မထိုက်တန်ဘဲ အနိုင်ရရှိခဲ့ပေမယ့် သူတို့ရဲ့ အဓိက ကစားသမား နှစ်ဦးကတော့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘုန်းမောက်ဟာ လက်စတာနဲ့ အအဝေးကွင်းပွဲစဉ်မှာ တကယ့်ကို ကောင်းခဲ့ပေမယ့်လည်း တော့တင်ဟမ်ကွင်းမှာတော့ ဒီလို လုပ်နိုင်လိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။
ခန့်မှန်းချက် : 3-0
မန်စီးတီး Vs လက်စတာ
လက်စတာကတော့ လက်ရှိမှာ မန်နေဂျာ အပြောင်းအလဲ ဖြစ်ထားခဲ့ပါတယ်။ ဂျွန်တယ်ရီ ဝင်ကစားလို့ မရနိုင်တာကတော့ သူတို့အတွက် စိတ်ပျက်စရာပါ။ ဘာလို့လဲဆိုတော့ သူဟာ လက်စတာကို ကြီးမားတဲ့ သက်ရောက်မှု ပေးနိုင်လို့ပါ။ လက်စတာတို့ တစ်စုံတစ်ရာ လုပ်နိုင်မယ်လို့ ကျနော် မမြင်မိပါဘူး။ မန်စီးတီးဟာ ဒီအချိန်မှာ အကောင်းဆုံး ပုံစံရရှိနေပြီး တသင်းလုံးကလည်း တကယ့်ကို ကြံ့ခိုင်မှုအားကောင်းနေပါတယ်။
ခန့်မှန်းချက် : 3-0
ဝက်ဟမ်း Vs အာဆင်နယ်
ဝက်ဟမ်းဟာ ပြီးခဲ့တဲ့ပွဲစဉ်က ဖူဟမ်ကို အဝေးကွင်းမှာ နိုင်ခဲ့ပါတယ်။ စီးတီးဟာ အရှိန်အဟုန်ကောင်းကို ရနေတာကြောင့် အာဆင်နယ်တို့ နောက်ထပ် ခြေချော်သွားလို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း ဒီလို ဖြစ်သွားနိုင်တယ်လို့ ကျနော် ထင်နေပါတယ်။ အာဆင်နယ်ဟာ လီဗာပူးနဲ့ပွဲမှာ ၁၅ မိနစ်လောက်ထိ တအားကောင်းခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ ပြိုကွဲသွားခဲ့ပါတယ်။ ကံကောင်းလို့သာ သရေတစ်မှတ် ရခဲ့တာပါ။ လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ်မှာလည်း အာဆင်နယ်တို့ တန်းဆင်းဖိအား ရှိနေတဲ့ ဝက်ဟမ်းကို အနိုင်မရနိုင်ပါဘူး။
ခန့်မှန်းချက် : 1-1
ဖောရက်စ် Vs မန်ယူနိုက်တက်
ဒါဟာ မန်ယူနိုက်တက်ရဲ့ နိုင်ပွဲ ဖြစ်သင့်ပါတယ်။ အကယ်လို့များ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် နော့တင်ဟမ်ဖောရက်စ် ပိုင်ရှင်က နည်းပြကို ရာထူးကနေ ထုတ်ပယ်သွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒါဟာ စတိကူးပါးအတွက် မျှတမှု မရှိနိုင်ပါဘူး။
ခန့်မှန်းချက် : 0-2
လိဒ် Vs လီဗာပူး
ကျနော် ဒီပွဲကို တအား မျှော်လင့်ထားပါတယ်။ လိဒ်ဟာ တကယ့်ကို ရူးသွပ်စရာ ဖြစ်တာကြောင့် ကျနော် သူတို့ကို ကြည့်ရတာ နှစ်သက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်ကလည်း ခံစစ်ပိုင်းက ဖရိုဖရဲဖြစ်နေဆဲပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ အရင် လီဗာပူးကို ပြန်မြင်ခဲ့ရပါတယ်။ အကြိတ်အနယ် ကစားပြီး ဧည့်သည်တို့ ကပ်နိုင်သွားမှာပါ။
ခန့်မှန်းချက် : 1-2
အခြားပွဲစဉ်များ
အက်စတွန်ဗီလာ 1-2 နယူးကာဆယ်
အဲဗာတန် 2-0 ဖူဟမ်
ဆောက်သမ်တန် 1-1 ပဲလေ့စ်
ဝုဖ် 1-1 ဘရန်ဖို့ဒ်