spot_img

အရေအတွက်ထက် အရည်အသွေးကိုဦးစားပေးပြီး အင်္ဂလန်လိဂ်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို လျှော့ချရန် ဂွါဒီယိုလာ အကြံပြုတိုက်တွန်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂလန်လိဂ်ပြိုင်ပွဲများတွင် အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုလျှော့ချရန် အကြံပြုတိုက်တွန်းခဲ့သည်။

အသင်းအရေအတွက် လျှော့ချခြင်းဖြင့် ပြိုင်ပွဲ၏အရည်အသွေး ပိုမိုတိုးတက်လာပြီး ကစားသမားများ ဒဏ်ရာရသည့်ပြဿနာကိုလည်း လျှော့ချပေးနိုင်လိမ့်မည်ဟု ဂွါဒီယိုလာက သုံးသပ်ခဲ့သည်။

myan789

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ချန်ပီယံလိဂ်ပြိုင်ပွဲကို လူစိတ်ဝင်စားမှု ပိုမိုမြင့်မားလာစေရန်အတွက် လက်ရှိကျင်းပနေသောပုံစံအား ပြောင်းလဲကျင်းပမည့် အကြောင်းအရာနှင့်ပတ်သက်၍ မီဒီယာများက သူ၏အမြင်ကိုမေးမြန်းခဲ့ရာ ဂွါဒီယိုလာက တိကျသည့် အဖြေမပေးခဲ့ဘဲ ပြည်တွင်းလိဂ်ပြိုင်ပွဲများနှင့်ပတ်သက်၍ သာ သူ၏အမြင်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယို လာက ပြည်တွင်းလိဂ်ပြိုင်ပွဲများအား ပုံစံပြောင်းလဲပြီးကျင်းပရန် မလိုအပ်သော်လည်း အရည်အသွေးတိုးတက်လာစေရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်း အရေအတွက်လျှော့ချခြင်းဖြင့် ပြိုင်ပွဲ၏အရည်အသွေးကို တိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

”လက်ရှိပြည်တွင်းလိဂ်ပြိုင်ပွဲတွေ ကျင်းပနေတဲ့ပုံစံကို ဆုံးရှုံးမခံသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ FA ဖလားပြိုင်ပွဲတွေ၊ အမှတ်ပေးပြိုင်ပွဲတွေက ဒီအတိုင်းပဲ ရှိနေမှာပါ။ ဒါပေမဲ့ ဥရောပမှာယှဉ်ပြိုင်တဲ့အခါမှာ လိဂ်ပြိုင်ပွဲတွေအနေနဲ့ အင်အားတောင့်တင်းနေအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါက အသင်းအရေအတွက် လျှော့ချခြင်းပါ။ လက်ရှိအသင်း အရေအတွက်ကို လျှော့ချခြင်းဖြင့် ပိုကောင်းတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ League One ပြိုင်ပွဲ၊ League Two ပြိုင်ပွဲတွေကို တွေ့ မြင်ရပါလိမ့်မယ်။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးဖို့ သင့်နေပါပြီ။ အင်အားကောင်းတဲ့ စူပါပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်လာဖို့ဆိုရင် အသင်းအရေအတွက်ကို ဒီထက်လျှော့ချရမှာပါ။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်နေရလို့ ကစားသမားတွေအနေနဲ့ ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးပါတယ်။ (၁၁)လလုံးလုံး (၃)ရက် (၁)ပွဲနှုန်းနဲ့ ဘောလုံးပွဲတွေကစားနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အသင်းတိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတာကို ကျွန်တော်တို့ သိနားလည်ထားရပါမယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

လက်ရှိတွင် မန်စီးတီးအသင်း၌ အဓိကကွင်းလယ်လူ ဒီဘရိုင်းနားအပါအဝင် ကစားသမား(၄)ဦးမှာ ဒဏ်ရာများကြောင့် အနားယူနေရသည်။

ဒီဘရိုင်းနားမှာ တံကောက်ကြောဒဏ်ရာကြောင့် (၆)ပတ်ခန့်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular