မန်ယူအသင်း၏ အမှုဆောင်ချုပ်အသစ်ဖြစ်သည့် ရစ်ချတ်အာနိုးလ်သည် လာမည့်ရာသီ၌ အသင်း၏နည်းပြအဖြစ် လက်ရှိအေဂျက်စ်နည်းပြ တန်ဟက်ဂ်ကို ခန့်အပ်လိုသည့် ယာယီနည်းပြ ရန်းနစ်နှင့် အမြင်ချင်းတူနေကြောင်း သိရသည်။
မန်ယူအသင်းသည် ထိပ်တန်းနည်းပြများစွာကို ချိန်ရွယ်နေသော်လည်း PSG နည်းပြ ပိုချက်တီနိုနှင့် တန်ဟက်ဂ်တို့ထဲမှ တစ်ဦးကို ရွေးချယ်ရန်သာ ပိုမိုအလားအလာများနေကြောင်း ထင်ကြေးပေးမှုများရှိနေသည်။
ယင်းအခြေအနေတွင် မန်ယူကစားသမားများက ပိုချက်တီနိုကို ပိုမိုလိုလားနေသော်လည်း ရန်းနစ်နှင့် ရစ်ချတ်အာနိုးလ်တို့ကမူ တန်ဟက်ဂ်ကို ပိုမိုသဘောကျနေကြောင်း သိရသည်။