spot_img

အမ်ဘာပေကြောင့် အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်

အမ်ဘာပေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခဲ့ပါတယ်လို့ ဆွီဒင်မီဒီယာတစ်ခု ဖော်ပြခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္လာနေ့ညမှာ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားတဲ့ ပြင်သစ်စတားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဗုဒ္ဓဟူးကနေ သောကြာနေ့အထိ ဆွီဒင်သို့ သူငယ်ချင်းများနှင့်အတူ လည်ပတ်ခဲ့တာဖြစ်ပြီး စီးတီးစင်တာက Bank ဟိုတယ်မှာ တည်းခိုခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ ညနေခင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပါတယ်လို့ ရေးသားထားတဲ့ Aftonbladet ရဲ့ သတင်းကို တနင်္လာနေ့မှာ အမ်ဘာပေက ငြင်းဆိုခဲ့ပါတယ်။ စွပ်စွဲခြင်းခံရပြီးနောက် အမ်ဘာပေဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရပါတယ်လို့ ဆွီဒင်သတင်းစာဖြစ်တဲ့ Expressen က ရေးသားထားပါတယ်။ V နိုက်ကလပ်သို့ မသွားမီ အဲ့ဒီည အစောပိုင်းမှာ အမ်ဘာပေဟာ Chez Jolie စားသောက်ဆိုင်ကို သွားရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဟိုတယ်သို့ အမ်ဘာပေက ပြန်သွားခဲ့ပါတယ်။

myan789

သို့သော်လည်း တနင်္လာနေ့တွင် အမ်ဘာပေဟာ ဆိုရှယ်မီဒီယာဖြစ်တဲ့ X တွင် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသတင်းနှင့်ပတ်သက်ပြီး သတင်းတစ်ပုဒ်ကို မျှဝေခဲ့ပြီး “ဒါကဟာ သတင်းအမှားတစ်ခုပါ။ ကြားနာစစ်ဆေးမှု မတိုင်ခင်လေးမှာပဲ ဒါဟာ ခန့်မှန်းရခက်လောက်အောင် ဖြစ်လာပါတယ်” လို့ အသင်းဟောင်း ပီအက်စ်ဂျီထံ အခကြေးငွေ၊ အပိုဆုကြေး ပေါင် ၄၆ သန်းကျော်ဖြင့် ရလိုမှုအတွက် ကြာနားစစ်ဆေးမှုမတိုင်ခင်မှာ ပြောထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပြင်သစ်သတင်းထောက် မိုလီနာရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ တနင်္လာနေ့ ညနေပိုင်းတွင် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စပိန်ဘီလူးကြီးတွေဟာ စနေနေ့ ဆယ်လ်တာဗီဂိုနဲ့ ယှဉ်ပြိုင်ကစားမယ့်လာလီဂါပွဲစဉ်ကို ကစားရမှာဖြစ်ပြီး အမ်ဘာပေ ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။

မိုလီနာရဲ့ ပြောဆိုမှုများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် Mail Sport က ကလပ်ထံသို့ ဆက်သွယ်ခဲ့ပါတယ်။

ထိုအတောအတွင်း တနင်္လာနေ့မှာ အမ်ဘာပေရဲ့ ကိုယ်စားလှယ်က “ဒီနေ့ ဆွီဒင်မီဒီယာ Aftonbladet မှ ရေးသားထားတဲ့ ပုတ်ခတ်ရှုတ်ချထားတဲ့ ကောလာဟလအသစ်တစ်ခု စတင်ပျံ့နှံ့နေပြီဖြစ်ပါတယ်”

“ဒီစွပ်စွဲချက်တွေဟာ လုံးဝကို လွဲမှားပြီး တာဝန်မဲ့ကာ သူတို့ရဲ့ အခုလိုလုပ်ဆောင်မှုကို လက်မခံနိုင်ပါဘူး”

Swedish media claimed that their star player, Kylian Mbappé, had been accused of rape and sexual

“အမ်ဘာပေအတွက် ဆုံးရှုံးနစ်နာခြင်းကို အဆုံးသတ်ရန်အတွက် အမှန်တရားကို ပြန်လည်ဖော်ထုတ်ရန်နှင့် စာရိတ္တပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အသရေဖျက်မှုတွင် ပါဝင်ပတ်သက်နေတဲ့ လူတစ်ဦးဦး သို့မဟုတ် မီဒီယာများအား ဖော်ထုတ်အရေးယူရန် လိုအပ်တဲ့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်ဘာပေကလည်း ခံစားနေရပါတယ်” လို့ ပြောကြားထားပါတယ်။

Aftonbladet ရဲ့အဆိုအရ စုံစမ်းစစ်ဆေးရေးမှူးများနှင့် မှုခင်းဆေးပညာ အဖွဲ့ဟာ တနင်္လာနေ့တွင် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့ပါတယ်။ မုဒိမ်းမှုစွပ်စွဲခံထားရတဲ့ အမျိုးသမီးက ဒေသဆိုင်ရာဆေးရုံတစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အတွက် တောင်းခံသောအခါ မုဒိမ်းမှုနှင့်ပတ်သက်ပြီး ထွက်ပေါ်လာတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အမ်ဘာပေဟာ သောကြာနေ့က ဆွီဒင်နိုင်ငံ ဘရွန်မာလေဆိပ်မှ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာခဲ့ပါတယ်။

မုဒိမ်းမှုစုံစမ်းစစ်ဆေးရေးတာဝန်ခံ အစိုးရရှေ့နေက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မပြောလိုပါဘူး” လို့ ဒေသခံမီဒီယာကို ပြောကြားခဲ့ပါတယ်။

စတော့ဟုမ်းရဲတပ်ဖွဲ့ဟာ ပြောရေးဆိုခွင့်ရှိသူ စကာဂါလင်ကမှတဆင့် MailOnline သို့ အလားတူကြေညာချက်ပေးပို့ခဲ့ပါတယ်။ “ရဲများသည် အဆိုပါအမှုကို အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုနိုင်သေးပါ” လို့ ပါရှိပါတယ်။

Aftonbladet ရဲ့ အဆိုအရ အဆိုပါအမှုကိစ္စနှင့် ပတ်သက်ပြီး သံသယရှိသူများကို အမည်မဖော်သေးတာဖြစ်ပါတယ်။ မှတ်ချက်ပေးဖို့အတွက် MailOnline က ဒေသတွင်း အစိုးရရှေ့နေရုံးနှင့် Bank ဟိုတယ်သို့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ တနင်္လာနေ့နှောင်းပိုင်းတွင် ပြင်သစ်လက်ရွေစင်နည်းပြ ဒက်စ်ချမ့်က ဘယ်လ်ဂျီယံအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

Real Madrid held a crisis meeting late on Monday night because of Mbappe

“အဆိုပါသတင်းဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လူတိုင်းက သူတို့လိုချင်တာကို လွတ်လပ်စွာရေးနိုင်ပေမယ့် အပျက်သဘောဆောင်တဲ့ အရာတွေရှိနေပါတယ်”

“သတင်းရေးသားတဲ့အခါမှာလည်း သတိထားရပါမယ်။ တစ်ခုခုနဲ့ အရာအားလုံးကို မရေးသားခင် ခြေတစ်လှမ်းဆုတ်တာက ပိုကောင်းပေမယ့် ဒါတွေက မကြာခဏ ဖြစ်တတ်ပါတယ်” လို့ နည်းပြက ပြောပါတယ်။

ဆက်လက်ပြီး ဒက်စ်ချမ့်က “အတည်ပြုဖို့ မခက်ခဲတဲ့အရာတွေရှိပါတယ်။ ဒါပေမယ့် ခင်များက အဟောင်းကို ချီးကျူးနေတယ်ဆိုရင်တော့ “

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့အကြောင်း မပြောပါဘူး။ သူက ဘယ်လိုဆက်သွယ်ရမှန်း မသိလောက်အောင်ကြီးပါတယ်” လို့ ပြောပါတယ်။ အမ်ဘာပေဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ကြံ့ခိုင်မှုပြန်လည်တိုးတက်ကောင်းမွန်လာစေရန်အတွက် ယခုလအတွင်း အသင်းရဲ့ပွဲများတွင် မကစားခဲ့ရတဲ့ ပြင်သစ်အသင်းခေါင်းဆောင်ဖြစ်ပါတယ်။

နွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာကတည်းက အမ်ဘာပေဟာ စုစုပေါင်း ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၇ ဂိုး သွင်းယူထားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular