spot_img

အမ်တီတီကို ရောင်းထုတ်ပြီး ရိုမက်ဂ်နိုလီနှင့် အစားထိုးရန် ဘာစီလိုနာအသင်း စီစဉ်နေ

ဘာစီလိုနာအသင်းသည် ပြင်သစ်နောက်ခံလူ အမ်တီတီကို လာမည့်နွေရာသီတွင် ရောင်းထုတ်ပြီး အေစီမီလန်အသင်းခေါင်းဆောင် ရိုမက်ဂ်နိုလီနှင့် အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် နည်းပြ ရော်နယ်လ်ကိုးမန်းလက်ထက်တွင် ဒဏ်ရာပြဿနာများနှင့်အတူ ပုံမှန်နေရာ ရယူနိုင်ခြင်းမရှိသည့် အမ်တီတီကို ရောင်းထုတ်ပြီး တန်ဖိုးနည်းပါးသည့် ကစားသမားသစ် ခေါ်ယူအစားထိုးရန် စီစဉ်နေရာ ရိုမက်ဂ်နိုလီကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

myan789

ရိုမက်ဂ်နိုလီ(၂၆ နှစ်)သည် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်း(၁) နှစ်သာ ကျန်ရှိတော့ခြင်းကြောင့် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မည့် အလားအလာရှိနေကြောင်းလည်း သိရသည်။

သို့သော် ရိုမက်ဂ်နိုလီကို ခေါ်ယူလိုသည့်အသင်း များပြားနေခြင်းကြောင့် ဘာစီလိုနာအသင်းသည် အေဂျက်စ်မှ လီဆန်ဒရိုမာတီနက်ဇ်နှင့် ဖီယင်နုမှ မားကို့စ်ဆန်နက်ဆီတို့ကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular