spot_img

အဖွင့်ပွဲစဉ်မှ ဟာရီကိန်း၏ ခြေစွမ်းနှင့်ပတ်သက်ပြီးဝေဖန်မှုများကို စပါးအသင်းနည်းပြဟောင်း မော်ရင်ဟို ကာကွယ်

စပါးအသင်း၏ နည်းပြဟောင်းတစ်ဦးဖြစ်သည့် မော်ရင်ဟိုက အင်္ဂလန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ကစားခဲ့သည့် ယူရိုအဖွင့်ပွဲစဉ်တွင် ဟာရီကိန်း၏ ခြေစွမ်းနှင့် ပတ်သက်သည့် ဝေဖန်မှုများကို ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟာရီကိန်းသည် ယင်းပွဲတွင် သူ၏ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ ခြင်းမရှိဘဲ ဘောလုံးထိချက်မှာလည်း (၂၆)ချက်သာ ရှိခဲ့ရာ အင်္ဂလန်အသင်း၏ ပွဲထွက်ကစားသမားများထဲ တွင် ထိချက်အနည်းဆုံးကစားသမား ဖြစ်ခဲ့သည်။

myan789

မော်ရင်ဟိုကမူ “ကျွန်တော့်အမြင်မှာတော့ ဟာရီက သူလုပ်ရမယ့် အလုပ်ထဲက တစ်ဝက်ကိုဘောလုံးမထိဘဲ လုပ်ခဲ့ပါတယ်။ ဒီလိုတိုက်စစ်မှူးမျိုးတွေရှိပါတယ်။ ဘောလုံးနဲ့ ခြေထောက်မထိဘဲ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ဒုက္ခပေးတတ်တဲ့ သူတွေပါ။ ဗီဒါဟာ ရာဟင်းမ်(စတာလင်) ရဲ့ပြေးလမ်းကြောင်းမှာ ရှိနေရမယ့်အစား ဟာရီရဲ့ လှုပ်ရှားမှုမှာ မျောပါသွားခဲ့တယ်။ ပြီးတော့ ကယ်လ်ဗင်ဖီးလစ်ကို ကြည့်ပါ။ သူက ဟာရီလှုပ်ရှားတာကို တွေ့တယ်။ ဟာရီလှုပ်ရှားတဲ့ အတွက် သူ လုပ်စရာ (၂)ခုရှိသွားပြီး ဘောလုံးကို မပေးဘဲ ဟာရီဖန်တီး ပေးခဲ့တဲ့ နေရာလွတ်ထဲကို ဆွဲတက်သွားနိုင်ခဲ့တယ်။ တိုက်စစ်မှူးကောင်းဆိုတာ ဒါပဲ။ ဂိုးမသွင်းနိုင်ရင်တောင် သူတို့က အရေးပါနေဆဲပဲ။ ကာရင်းမ် (ဘန်ဇီမာ) နဲ့ ဟာရီကိန်းတို့က ဒီလိုတိုက်စစ်မှူးတွေဖြစ်ပြီး သူတို့က နံပါတ်(၁၀) တွေဖြစ်သင့်တယ်။ ဘောလုံးမှာတော့ ရွေ့လျားမှုတွေက အရာရာပါပဲ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular