spot_img

အန်းဒရစ်နှင့် အက်စတီဗာအိုတို့နှစ်ဦးကို ယူရို(၉၃)သန်း ဖြင့် PSG ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရဟု သတင်းထွက်

PSG အသင်းသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိထားသည့် ဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူး အန်ဒရစ်နှင့် ဘာစီလိုနာအသင်း ခေါ်ယူရန် ကြိုးပမ်းနေသော ဘရာဇီးလ်ဆယ်ကျော်သက်တောင်ပံကစားသမား အက်စတီဗာအိုဝီလီယံတို့နှစ်ဦးကို ပြောင်းရွှေ့ကြေး ယူရို(၉၃)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပါးလ်မီးရပ်စ်အသင်းက ပယ်ချခဲ့ကြောင်း သတင်းထွက် လာခဲ့သည်။

PSG အသင်းသည် အန်းဒရစ်(၁၇ နှစ်)အတွက် ယူရို(၅၈)သန်း၊ အက်စတီဗာအိုအတွက် ယူရို(၃၅)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ပါးလ်မီးရပ်စ်အသင်းက လာလီဂါထိပ်သီးအသင်းများထံသာ ရောင်းချလိုသည့်အတွက် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ နာမည်ကျော်ဂျာနယ်လစ် ဖေဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။

myan789

အန်းဒရစ်သည် ယခုလအတွင်း ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အက်စတီဗာအိုမှာ ဘရာဇီးလ်ယူ-၁၇ အသင်းနှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆင်နွှဲလျက်ရှိသည်။ ၎င်းသည် ဘရာဇီးလ်မက်ဆီဟု ညွှန်းဆိုခံနေရသူဖြစ်ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular