spot_img

အန်ဖီးလ် မှာ အာဆင်နယ် အသင်း အနိုင်ရမယ်လို့ ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်တဲ့ တိုနီအဒမ်စ်

ဂန်းနားဂန္တဝင် နောက်ခံလူ တိုနီအဒမ်စ် က ဒီနေ့ အန်ဖီးလ်မှာ ကစားရမယ့်ပွဲမှာ အာဆင်နယ် အသင်း အပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း ဆိုလိုက်ပြီး ဂန်းနားတို့ အနိုင် သုံးမှတ်နဲ့ အတူ အိမ်ပြန် နိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

တိုနီအဒမ်စ် က The Sun မှာ ” အန်ဖီးလ်မှာ အာဆင်နယ် အသင်း နောက်ဆုံး အနိုင်ရခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော်သွားခဲ့ပါပြီ ။ ဒီနေ့လိုမျိုး ကိုယ်အသင်းအနိုင်ရမယ်လို့ ယုံကြည်မှု အပြည့် ရှိနေတာမျိုး မဖြစ်တာ အတော်ကြာ နေခဲ့ပါပြီ ၊ လီဗာပူး နှင့် ချဲလ်ဆီး ဂိုးမရှိ သရေကျတဲ့ပွဲကို ကြည့်လိုက်ရပါတယ် ၊ လီဗာပူး က စုတ်ပြတ်နေတာပါပဲ ၊ ချဲလ်ဆီး က ဘယ်လို ဖြစ်ပြီး ၁၀ ဂိုးလောက် မသွင်းနိုင်ခဲ့တာလဲ ကျနော်လည်း မပြောတတ်တော့ပါဘူး ။ ”

myan789

” လီဗာပူး က သူတို့ ဘာလုပ်လို့ လုပ်နေမှန်းကို မသိ ဖြစ်နေခဲ့တာပါ ၊ ဒီနေ့ပွဲမှာ ကလောပ့် ဘယ်လို လူစာရင်းနဲ့ ပွဲထုတ်လာမလဲ ကျနော် မသိပါဘူး ၊ သူ့မှာ idea များများစားစားတော့ မရှိပါဘူး ၊ မန်စီးတီး ကို ၄-၁ နဲ့ ရှုံးတဲ့ ပွဲအပြီး သူ ချဲလ်ဆီး နဲ့ ပွဲမှာ ကစားသမား ၆ နေရာ အပြောင်းအလဲ လုပ်ခဲ့ပါတယ် ၊ သူ ထည့်လိုက်တဲ့ ကစားသမားတွေက သူချန်လှပ်ခဲ့တဲ့ ကစားသမားတွေထက် ပိုလည်း မကောင်းပါဘူး ၊ ဒါကြောင့် သူ Plan A အတိုင်းပဲ ကစားမှာပါ ။ ”

” လီဗာပူး အသင်း ရဲ့ အဓိက ပြဿနာက ဘယ်သူမှ ခြေစွမ်း မပြနိုင် ဖြစ်နေတာပါ ။ ယုံကြည်မှု လည်း ကျဆင်းနေသလို ဂိုးတွေလည်း အလွယ်တကူ ပေးနေရပါတယ် ၊ တစ်သင်းလုံးက တိုးတက်မှု မရှိ ဖြစ်နေပါတယ် ၊ သူတို့က အသင်းတစ်သင်း အနေနဲ့ ကစားရမယ့် အစား တစ်ဦးချင်းပဲ ကစားနေကြပါတယ် ။ ”

” အာဆင်နယ် ကစားသမားတွေက အားလုံးအတွက် ကစားနေကြတာ ဖြစ်ပြီး လီဗာပူး က သူတို့ အတွက်ပဲ သူတို့ ကစားနေကြပါတယ် ။ လီဗာပူး အသင်းရဲ့လူစာရင်းကိုကြည့်လိုက်တော့လည်း တစ်သင်းလုံး မြေလှန် ပြောင်းလဲ ရမယ့် အနေအထားပါ ၊ ဒါပေမယ့် ကလောပ့် အဲ့ဒီလို လုပ်မယ်လို့ မထင်ပါဘူး ။ ”

” သူ့ပုံစံ က ဒီအသင်းကို ကိုင်ရတာ စိတ်ကုန်နေပုံရပါတယ် ၊ ရာသီကုန်မှာတင် အသင်းက ထွက်သွားဖွယ် ရှိနေပါတယ် ၊ အရင်တုန်းက တစ်သင်းလုံးမှာ အံ့ဖွယ် ကစားသမားတွေ နဲ့ ပြ့ည့်နှက် နေတာကြောင့် သူ့အတွက် လွယ်လွယ်ကူကူပါပဲ ၊ အထွေအထူး စီမံခန့်ခွဲ စရာ မလိုခဲ့ပါဘူး ။ ”

“လူတွေ အများစုက ဒီနေ့ပွဲဟာ ချန်ပီယံဆုအတွ​က် အလှည့်အပြောင်း ဖြစ်မယ့် ပွဲလို့ ပြောဆို ခန့်မှန်း နေကြတာကို တွေ့ပါတယ် ။ ကျနော် ကတော့ အဲ့ဒီလို ဖြစ်မယ် မထင်ပါဘူး ၊ အာဆင်နယ် အသင်း သေချာပေါက် အနိုင် ၃ မှတ် ရမယ့် ပွဲပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular