မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ လာမယ့် နွေမှာ ပွဲအဖြေကို ပုံမှန် ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ အထောင်တိုက်စစ်မှူး တစ်ဦးကို အလိုရှိနေကြောင်း အသင်းပိုင်ရှင်တွေကို အသိပေးသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်တုန်းက တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး အဆိုပါ ရလဒ် ထွက်ပေါ်စေမယ့်သွင်းဂိုးကို ပွဲချိန် 79 မိနစ်မှာ ဆွန်ဟောင်မင် အတွက် ဟယ်ရီကိန်း က ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဥ်အတွင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်် ပရိသတ်တွေက ဇွန်လမှာ တွေ့ကြမယ်ဆိုပြီး ကိန်းကို အော်ဟစ် ပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ တန််ဟတ် ကိုယ်တိုင်က အသင်းမှာ တိုက်စစ်မှူးတစ်ဦး လိုအပ််နေကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။
” ဟုတ်ပါတယ် ၊ ဒါကို လူတိုင်းသိမယ်လို့ ထင်မိပါတယ် ။ ဒါက လျှို့ဝှက်ချက် တစ်ခုလည်း မဟုတ်ဘူးလေ။ ဒီတစ််ရာသီလုံး ကျွန်တော်တို့ဟာ တိုက်စစ်မှူး နေရာမှာ လိုအပ််ချက် ရှိနေခဲ့ကြပါတယ် ။ ကျွန်တော်တို့ ရော်နယ်ဒို နဲ့ လမ််းခွဲခဲ့ရတာ အားလုံး သိရှိကြပါတယ် ”
” ဒါ့အပြင် အန်သိုနီ မာရှယ်ကို ကျွန်တော်တို့ အချိန်တိုင်း မပိုင်ဆိုင်နိုင်ခဲ့ကြပါဘူး ။ ပြီးတော့ ဂျေဒန် ဆန်ချို ကလည််း ကစားပေးဖို့ အချိန်တိုင်း အသင့်ရှိမနေခဲ့ပါဘူး ။ အဲ့ဒီနောက် ကျွန်တော်တို့ဟာ တိုက်စစ်ပိုင်းမှာ အမြဲလို လိုအပ်ချက််တွေ ရှိနေခဲ့ကြရပါတယ် ”
” ကျွန်တော်တို့ဟာ လူနည်းနည်းလေးနဲ့ ပွဲစဥ်တွေ အများကြီးကို ကစားရဖို့ စီမံခန့်ခွဲခဲ့ကြရပါတယ် ။ ဒါ့ကြောင့် နွေမှာ တိုက်စစ်ပိုင်းနေရာက ကျွန်တော်တို့ သေချာပေါက် အင််အား ဖြည့်တင်းရမယ့် နေရာဖြစ်နေခဲ့ပါပြီ ။ ကျွန်တော်တို့ ဒါကို နည်းလမ်းမျိုးစုံနဲ့ ချဥ်းကပ်လို့ရပါတယ် ”
” ရပ်ရှ်ဖို့ ဟာ နံပါတ် 9 နေရာမှာ ကစားပေးနိုင်စွမ်း ရှိသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ပြီးတော့ အန်သိုနီ မာရှယ် လည်း ခမ်းနားတဲ့ နံပါတ် 9 ကစားသမား တစ်ဦးပါပဲ ။ ဒီ နေရာမှာ အသင်းအတွက် ဖြည့်စွက် ကစားပေးနိုင်တဲ့ အသင််းသားတွေ ရှိနှင့်ပြီးသားပါ ”
” ဒါပေမဲ့ ကျွန်တော်တို့ တိုက်စစ်မှာ ပိုပြီးရန်လိုစွာ ကစားပေးနိုင်မယ့် ၊ အကျိုးသက်ရောက်မှု ပေးနိုင်မယ့် ၊ အရည််အသွေးကောင်းတွေ ယူဆောင်လာနိုင်မယ့်၊ တိုက်စစ်ပိုင်းကို ပိုကောင်းစေနိုင်မယ့် ကစားသမားတစ်ဦး လိုအပ်နေခဲ့တာ အမှန်ပါပဲ ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။