spot_img

အတ္တလန်တာ၊ မန်စီးတီးတို့နှင့်ပွဲများအတွက်အသင့်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ကြုံးဝါး

မန်ယူအသင်း၏နည်းပြဖြစ်သူ ဆိုုးလ်ရှားက အတ္တလန်တာ၊ မန်စီးတီးတို့နှင့်ကစားမည့်ပွဲများအတွက် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားက ”ဒီပွဲ(စပါးနဲ့ပွဲ)မှာ သွင်းခဲ့တဲ့ဂိုးတိုင်းက အရမ်းကောင်းပါတယ်။ အရေးအကြီးဆုံးကတော့ ပထမဂိုးပါပဲ။ ဘရူနိုရဲ့ပေးပို့မှုက ဘယ်လောက် ကောင်းလဲ၊ စီရော်နယ်လ်ဒိုကတော့ အကောင်းဆုံးပါပဲ။ စီရော်နယ်လ်ဒိုက အခွင့်အရေးတစ်ကြိမ်ကို အသုံးမချနိုင်ဘူးဆိုရင် နောက်တစ်ကြိမ်အတွက် ပိုပြီးအာရုံစိုက်လေ့ရှိတဲ့ ကစားသမားပါ။ ဘယ်လောက်ကောင်းတဲ့ဂိုးကို သွင်းခဲ့တာလဲ။ ဒီနေရာမှာ သူမဟုတ်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော်တို့က ခက်ခဲတဲ့ရက်သတ္တပတ်နဲ့ ရင်ဆိုင်ရပါဦးမယ်။ အတ္တလန်တာနဲ့ပွဲပြီးရင် မန်စီးတီးနဲ့ ထပ်ပြီးရင်ဆိုင်ရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ရခဲ့တဲ့ အောင်မြင်မှုကို အမြန်ဆုံးအစာချေဖျက်ပြီး လာမယ့်ပွဲတွေအတွက် ပြင်ဆင်ရပါတော့မယ်။ အင်္ဂါနေ့ပွဲအတွက်တော့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

myan789

ဆိုးလ်ရှားက ယခုပွဲစဉ်တွင် အနိုင်ရခဲ့ခြင်းမှာ ကာဗာနီနှင့် စီရော်နယ်လ်ဒိုတို့၏ အတွေ့အကြုံက အဓိကကျခဲ့ကြောင်းနှင့် ဗာရန်းပြန်ပါလာခြင်းကလည်း အသင်းကို တိုးတက်လာစေသည်ဟု ဆိုခဲ့သည်။

ထို့ပြင် စပါးအသင်းကို အဝေးကွင်းတွင် ဂိုးပြတ်အနို်င်ရခဲ့သည့်ပွဲမှ အဖွင့်ဂိုးအတွက် ဖန်တီးပေးသူ ဘရူနိုဖာနန်ဒက်စ်နှင့် ကန်သွင်းခဲ့သူ စီရော်နယ်လ်ဒိုတို့ကို ချီးကျူးခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular