spot_img

အတ္တလန်တာနဲ့ ပွဲမှာ သူနှစ်သက်တဲ့ ဂျိုတာရဲ့ ဂိုး ၂ ဂိုးကို ထုတ်ဖော်လိုက်တဲ့ ချဲလ်ဆီး ကစားသမားဟောင်း

ချဲလ်ဆီး အသင်းရဲ့ တောင်ပံကစားသမားဟောင်း ဖြစ်သူ ဒေမီယန်ဒဖ်က ဒီယေဂိုဂျိုတာဟာ လီဗာပူး အသင်းအတွက် တကယ့်ကို လျော့စျေးနဲ့ ရလိုက်တဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ ဆိုလိုက်ပြီး ပေါ်တူဂီစတားဟာ ယာဂန်ကလော့ရဲ့ လက်အောက်မှာ အရမ်းကို ကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင် နိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဝုဖ်ဗာဟမ်တန် အသင်းမှ ပေါင် ၄၁ သန်းနဲ့ ရောက်ရှိ လာခဲ့တဲ့ ဂျိုတာဟာ အင်္ဂါနေ့ညက အတ္တလန်တာကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ လီဗာပူး အတွက် ဟက်ထရစ် သွင်းယူ ပေးခဲ့ပြီး ဒါဟာ အသင်းသစ်အတွက် ပထမဦးဆုံး ၁၀ ပွဲမှာ ၇ ဂိုးမြောက် သွင်းဂိုး ဖြစ်ကာ ပွဲထွက်ခွင့် ကလည်း ငါးကြိမ်သာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

myan789

ပေါ်တူဂီ လက်ရွေးစင်ဟာ လီဗာပူး အတွက် အရေးပါတဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို ပထမပိုင်းမှာ သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ပွဲသိမ်းဂိုးနဲ့ ၎င်းရဲ့ ဟက်ထရစ်ဂိုးကို ဒုတိယပိုင်း ၅၄ မိနစ်မှာ သွင်းယူ ပေးခဲ့ပြီး လီဗာပူးကို ဒီရာသီ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရအောင် ကူညီပေးခဲ့ပါတယ်။ ဒဖ်က ဂျိုတာ အနေနဲ့ အန်ဖီးမှာ ယခုလို လျှင်လျှင်မြန်မြန် အကျိုးပြုနေတဲ့ အပေါ် အမှန်တကယ် အံ့အားသင့်မိခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဒဖ်က ”ဂျိုတာရဲ့ ကနဦး ပြောင်းရွေ့ကြေးဟာ ပေါင် ၄၁ သန်း အဖြစ် အပိုဆုကြေး အတွက် ပေါင် ၄၅ သန်းထိ မြှင်တက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ ဂျိုတာကို တကယ့်ကို သက်သာလွန်းတဲ့ စျေးနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ ပထမ သွင်းဂိုးကို ကြည့်လိုက်ပါ။ အတော် မြန်တဲ့ ပြေးအားနဲ့ တကယ့်ကို ချိန်သားကိုက် ပြေးထွက် သွားခဲ့ပြီး ပြိုင်ဘက် နောက်ခံလူ တစ်ဦး နောက်ကနေ အတင်း လိုက်ဆွဲနေတာကြောင့် အားကောင်းကောင်းနဲ့ ရုန်းထွက်ကာ တည်တည်ငြိမ်ငြိမ်ပဲ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ သွင်းဂိုးမှာလည်း သူ့ရဲ့ တည်ငြိမ်မှုကို တွေ့ရမှာပါ။ ပထမထိချက် ရွေ့လျားမှုနဲ့ အဆုံးသတ် တကယ့်ကို မိုက်ပါတယ်။ သူက ဘယ်ခြေသန်တာလား ညာခြေသန်တာလား? ကျွန်တော်လည်း သေချာမသိပါဘူး။ လုံးဝကို ထိပ်တန်း အဆင့်ပါ။ လူတော်တော်များများက မာနေး ဆာလား တို့ရဲ့ လျှင်မြန်မှုတွေကို ပြောနေကြပါတယ်။ ဂျိုတာကလည်း သူတို့လိုပဲ အတော် လျှင်မြန်တဲ့ သူပါ။ သူဟာ ထိပ်တန်း အဆင့် ဖြစ်ပြီး တကယ့်ကို မြင့်မားတဲ့ အရည်အသွေး ရှိသူပါ။” လို့ ချီးကျူး သွားပါတယ်။

လီဗာပူးမှာ ဂျိုတာရဲ့ လျှင်မြန်စွာ အသားကျမှု အပေါ် အံ့သြမိသလား ဆိုတဲ့ မေးခွန်းကို ဒဖ်က ”အမှန်ပါပဲ။ အံ့သြမိပါတယ်။ သူ့ရဲ့ ကစားပုံကို များများကြည့်လေလေ ယာဂန်ကလော့ ပြောခဲ့တာတွေကို သတိရနေမှာပါ။ ယာဂန်က သူ ဒီလောက်ကောင်းမှန်း မသိခဲ့ဘူးလို့ ဝန်ခံ ခဲ့တာပါ။ သူ့မှာ ဒီလောက် မျက်လှည့်ဆန်တဲ့ ခြေထောက် ရှိနေတာ ကျွန်တော် မသိခဲ့ပါဘူး။ သူဟာ ခြေနှစ်ဘက်စလုံး သက်တောင့်သက်သာ ကစားနိုင်တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။

သူ့ရဲ့ ပြေးအားကလည်း ဒီလိုပါပဲ။ ကြည့်ရတာ သူဟာ နောက်တဆင့်ကို ပို့ပေးမယ့် အသင်းကို တွေ့ရှိခဲ့တဲ့ ပုံပါပဲ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ဂျိုတာဟာ တကယ့်ကို အရည်အသွေး မြင့်မားသူပါ။ သူဟာ ကြီးမားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။” လို့ ပြောသွားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular