spot_img

အတ္တလန်တာနဲ့ ပွဲစဉ် အတွက် လီဗာပူးရဲ့ game plan နဲ့ အထူး သတိထားရမယ့် ကစားသမားတစ်ဦးကို ထုတ်ဖော်လိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ ယနေ့ညမှာ ရင်ဆိုင် ကစား သွားရမယ့် ချန်ပီယံလိဂ် အုပ်စု ပြိုင်ဘက် အတ္တလန်တာ အသင်း အပေါ် သူ့ရဲ့ လေးစားမှုကို ပြောပြ သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု ဒီမှာ အိုင်ယက် မစ်ဂျီလန်း တို့ကို အနိုင် ရရှိထားခဲ့ပြီး ၆ မှတ် ရထားခဲ့ပြီး ဖြစ်ကာ ယနေ့ည မှာတော့ အီတလီမှာ ပြီးခဲ့တဲ့ ရာသီက ကွာတားဖိုင်နယ် တက်ခဲ့တဲ့ အတ္တလန်တာကို သွားရောက် ရင်ဆိုင် ကစား သွားရမှာ ဖြစ်ပါတယ်။

အတ္တလန်တာနဲ့ ပွဲစဉ် မတိုင်မီ ယာဂန်ကလော့က အတ္တလန်တာ အသင်းရဲ့ ခြိမ်းခြောက်မှုကို သူ့ရဲ့ ကစားသမားတွေ ဘယ်လို ရင်ဆိုင် ဖြေရှင်း သွားမလဲ ဆိုတာ ရှင်းပြ သွားခဲ့ ပါတယ်။

myan789

ကလော့က “အတ္တလန်တာဟာ အရမ်း အရမ်းကို ကောင်းတဲ့ အသင်းပါ။ ထိပ်တန်း ကစားသမားတွေ ၊ ကောင်းမွန်တဲ့ လူသစ် စုဆောင်းမှုတွေ နဲ့ အရမ်းကို စုစည်းမှု ကောင်းတဲ့ အသင်းပါ။ သူတို့ဟာ ကိုယ့်ရဲ့ system အတိုင်း ၁၀၀% ကစားကာ ကိုယ့်အလုပ်ကို ကိုယ်သိကြပါတယ်။ သူတို့ဟာ တစ်ဦးချင်းရဲ့ အရည်အသွေးတွေကို အကောင်းဆုံး ပုံစံနဲ့ အသုံးချကြပါတယ်။ ဒ့ါကြောင့် သူတို့ တိုက်စစ် ကစားသမားတွေကို ဘယ်လို ပုံစံမျိုး အသုံးချနေသလဲ ဆိုတာ ခင်ဗျားတို့ ကောင်းကောင်း မြင်ရမှာပါ။

ကွင်းလယ်က ဂိုးမက်ဇ်ရဲ့ အခန်းကဏ္ဍ ကိုလည်း ကြည့်လိုက်ပါ။ သူဟာ ကွင်းထဲမှာ လုံး၀ လွတ်လွတ်လပ်လပ် ကစားရတာပါ။ ပါရမီရှင် ကစားသမား ဘယ်နေရာကိုပဲ ရောက်နေ ရောက်နေ သူ့ကို ထိန်းချုပ် ရတာ အရမ်းကို ခက်ခဲမှု ရှိပါတယ်။ ကစားသမားတွေရဲ့ တိုးတက်မှုပိုင်းနဲ့ ပက်သက်ပြီး အရမ်းကို ကောင်းတဲ့ ဥပမာတွေ ရှိပါတယ်။ အခုဆိုရင် ဂိုဇန်ဟာ ဂျာမန် လက်ရွေးစင် တစ်ဦး ဖြစ်နေပါပြီ။ သူ အတ္တလန်တာမှာ wing back အဖြစ် မကစားမီ လူအများစု သူ့ကို သိကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါဟာ ဥပမာတွေ ထဲက ဥပမာ တစ်ခုပါပဲ။ သူတို့မှာ ဒီလို ပုံပြင်တွေ အများကြီး ရှိပါတယ်။

သူတို့မှာ တကယ်ကောင်းတဲ့ atmosphere ၊ mood နဲ့ တိုက်ပွဲဝင်စိတ်တွေ ရှိနေပါတယ်။ ဒ့ါကြောင့် ပြီးခဲ့တဲ့ ရာသီက သူတို့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် မအံ့သြမိပါဘူး။ အမှန်ပါပဲ။ ပြီးခဲ့တဲ့ရာသီ မတိုင်မီက သူတို့ အကြောင်း ကျွန်တော် သိပ်မသိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် အဓိက ကြိုးစား နေတယ်ဆိုတာ ကိုတော့ ကျွန်တော် သိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ သူတို့ အတွက် တကယ် ကောင်းတဲ့ ရာသီ ဖြစ်ပါတယ်။

သူတို့ဟာ အခက်အခဲတွေ အားလုံးကို ကျော်ဖြတ် နိုင်ခဲ့ကာ ဒီလို စွမ်းဆောင် ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သူတို့ကို လေးစားမှု ရှိပါတယ်။ သူတို့ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ကို analysis လုပ်ရတာ ကျွန်တော် ကြိုက်ပါတယ်။ သူတို့ရဲ့ ကစားဟန်က နှစ်သက်စရာပါ။ ဘာလို့လဲ ဆိုတော့ တကယ် စိတ်ဝင်စားစရာ ကောင်းလို့ပါ။ တစ်စုံတစ်ရာ စိတ်ဝင်စားဖို့ ကောင်းတဲ့ မြင်ခဲ့ပြီ ဆိုရင် ကိုယ့်အနေနဲ့ အနည်းငယ် လိုက်လံ အတုယူသင့်ပါတယ်။ ကျွန်တော်တို့လည်း ဒါမျိုး အမြဲ ကြိုးစားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က “ပြိုင်ဘက်ရဲ့ အခြေအနေကို ကြည့်ပြီး game plan ကို အမြဲ ချမှတ်ရပါတယ်။ အသင်းတစ်သင်းဟာ ဂိုးဖန်တီးမှုတွေ ကောင်းမွန်တဲ့ အခါမှာ ကျွန်တော်တို့ အနေနဲ့ ဒါတွေကို တားဆီးဖို့ ကြိုးစား ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဆုံးသတ် ဂိုးသွင်းမှုတွေ ပြုလုပ်လေ့ ရှိတဲ့ သူတို့ရဲ့ ကစားသမားတွေ ဆီကို တက်နိုင်သမျှ ဘောလုံး များများ မရောက်အောင် လုပ်သွားရပါမယ်။ ဒါဟာ ကျွန်တော်တို့ အတူတကွ လုပ်နိုင်တဲ့ အရာပါ။

block လုပ်ရတာတို့ save လုပ်ရတာတို့ဟာ ကစားသမား တစ်ဦးချင်း လုပ်ရတာပါ။ ကျန်တာတွေ ကတော့ ကစားသမား ၁၁ ယောက်လုံး လုပ်ရတာပါ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ဒီအပိုင်းကို အဓိက ကြိုးစားကြတာပါ။ ဒါဟာ match plan ပါ။ သူတို့ဟာ တကယ့်ကို ခြိမ်းခြောက်မှု ပေးနိုင်တဲ့ အသင်းပါ။ ဒါကို လေးစားပါတယ်။ မစ်ဂျီလန်းနဲ့ ပွဲဟာ သူတို့ ဘာလဲ ဆိုတဲ့ ဥပမာ တစ်ခုပါ။ တအား ခြေစွမ်း မကောင်းခဲ့ပေမယ့် သူတို့ဟာ ၄ ဂိုး သွင်းယူ ခဲ့ပါတယ်။ ဒါဟာ အရမ်းကို ကောင်းတဲ့ အချက်ပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ဒါကို ဖြေရှင်းဖို့ အတွက် ပြင်ဆင်ချိန် တစ်ရက် ရပါသေးတယ်။” လို့ ပြောခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular