spot_img

အတ္တလန္တာကို ရှုံးနိမ့်ကာ MLS Playoff ကနေ အံ့အားသင့်ဖွယ် ထွက်ခဲ့ရပြီးနောက် ကွင်းလယ်ဒိုင်ကို ဝေဖန်လိုက်တဲ့ ဂျော်ဒီအယ်လ်ဘာ

အတ္တလန္တာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင် အက်ဇ်ပလာကို သူရဲဘောကြောင်တယ်လို့ ဂျော်ဒီအယ်လ်ဘာက ဝေဖန်ပြောကြားလိုက်ပါတယ်။

စနေနေ့က အတ္တလန္တာကို ၃-၂ ဂိုး ဖြင့်ရှုံးနိမ့်ပြီးနောက် မီယာမီဟာ MLS Playoff ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဘာစီလိုနာနောက်တန်းကစားသမားဟောင်းဟာ ရှုံးပွဲအတွက် စိတ်ပျက်ခဲ့ရသလို ပထမပိုင်းမှာ ပင်နယ်တီမရရှိခဲ့ခြင်း၊ ခံစစ်မှူး တိုမက်စ် ဒဏ်ရာကြောင့်လဲကျနေစဉ် ပြိုင်ဘက်အသင်းရဲ့ တတိယဂိုး သွင်းယူခဲ့ခြင်းကို ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင်ကို သူနဲ့သူ့ရဲ့အသင်းဖော်တွေကလည်း ဒေါသထွက်နေကြတာဖြစ်ပါတယ်။

myan789

ပွဲစဉ်အတွင်းမှာ အသက် ၃၅ နှစ်အရွယ်ကစားသမားက ကွင်းလယ်ဒိုင်ကို သူရဲဘောကြောင်နေလို့ ၂ ခါ ပြောခဲ့ကြောင်း Mondo Deportivo က ဖော်ပြထားပါတယ်။

ဂျော်ဒီအယ်လ်ဘာက “ကျနော်တို့က ခြေစွမ်းတည်ငြိမ်တဲ့အသင်းပါ။ ရမှတ်ကိုစံချိန်ချိုးခဲ့ပြီး ကျနော်တို့အလိုရှိတာက ဒီ Playoff ပွဲကို အနိုင်ရရှိဖို့ပါ။ ဒီပုံစံကို ပြောင်းလဲချင်တာက ကျနော်တဦးတည်းတော့မဟုတ်ပါဘူး။ ကျနော်အတွက် ဒါဟာမမျှတဘူးလို့ထင်ပါတယ်။ ဒီလိုလုပ်တာက နှစ်ပေါင်းကြာနေပြီဆိုတာ ရှင်းပါတယ်။ ကျနော်ကိုမေးမယ်ဆိုရင်တော့ ဒါဟာ ချန်ပီယံနဲ့ ၂ သင်း ကစားရမယ့်ပွဲလို့ထင်ပါတယ်” လို့ ပြောပါတယ်။

Jordi Alba has criticized the referee Azpala for being a coward during the defeat to Atlanta United.

“ပြိုင်ဘက်အသင်းအတွက် ဂုဏ်ယူတယ်လို့ပြောချင်ပါတယ်။ သူတို့အကြောင်းကို ကျွန်တော်တို့ကောင်းကောင်းသိထားပြီး ကျနော်တို့နဲ့ကစားခဲ့တဲ့ပွဲမှာ ကောင်းကောင်းကစားသွားနိုင်ခဲ့ပါတယ်။ ဂိုးသမားက အရမ်းကိုကောင်းပါတယ် ကန်ချက်အားလုံးကိုသူကတားဆီးနိုင်ခဲ့ပါတယ်။ ကျနော်တို့က အချို့အရာတွေကိုလုပ်နိုင်ခဲ့သော်လည်း ကောင်းမွန်တဲ့အနေအထားမှတော့မရှိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

အမှန်တကယ်တော့ ဂျော်ဒီအယ်လ်ဘာရဲ့ အသင်းဟာ ပုံမှန်ရာသီ ၃၄ ပွဲကနေ အရှေ့ပိုင်းကွန်းဖရင့်မှာ Supporter ဖလားကိုရရှိဖို့ စံချိန်တင် ၇၄ မှတ်ရရှိထားပါတယ်။ သို့သော်လည်း Playoff ပထမအဆင့်မှာပင် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီဖလားကိုပထမဆုံးအကြိမ်အဖြစ် ရရှိဖို့အတွက် မီယာမီက ၂၀၂၅ ခုနှစ်အထိ စောင့်ရမှာဖြစ်ပါတယ်။

လာမယ့် MLS ရာသီသစ်က ဖေဖော်ဝါရီလမှ စတင်မှာဖြစ်တာကြောင့် အဲလ်ဘာနှင့် သူ့ရဲ့အသင်းဖော်တွေက ရှုံးနိမ့်မှုကို အချိန်ကြာမြင့်စွာ ထားရအုံးမှာဖြစ်ပါတယ်။ ယခုနှစ်ကုန်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ကလပ်ဘက်က သူ့ကိုသက်တမ်းတိုးရန်ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါကိုတော့ စောင့်ကြည့်ရဦးမှာပါ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular