အင်္ဂလန် အသင်းဘက်မှာ ရက်ဖိုဒ့် မပါလာလို့ ဝမ်းသာတယ်လို့ လူကာကူ ပြောဆို

ဘယ်လ်ဂျီယံ အသင်း ရဲ့ တိုက်စစ်မှူး ရိုမီရို လူကာကူ က ယနေ့ ည မှာ ရင်ဆိုင် ကစား ရမယ့် အင်္ဂလန် လက်ရွေးစင် အသင်း မှာ မန်ချက်စတာ ယူနိုက်တက် တုန်းက အတူ တွဲ ကစားခဲ့တဲ့ မားကပ် ရက်ဖိုဒ့် ပါဝင် မလာခဲ့မှုကြောင့် စိတ်သက်သာရာ ရခဲ့ တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့သလို ရက်ဖိုဒ့် နဲ့ သူ့ အကြားက ဆက်ဆံရေး ၊ ကွင်းထဲက အပေးအယူ အချိတ် အဆက် အကြောင်းတွေ ကို လည်း ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

ဘယ်လ်ဂျီယံ အသင်း ဟာ ဥရောပ နေးရှင်းလိဂ် ရဲ့ အုပ်စု ပွဲစဉ် ၅ အဖြစ် အင်္ဂလန် အသင်းကို ဘယ်လ်ဂျီယံ မြေပေါ်မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ဘယ်ဂျီယံ ဟာ ၉ မှတ် နဲ့ အုပ်စု ပထမ နေရာမှာ ရှိနေပြီး အင်္ဂလန် ကတော့ 7 မှတ် နဲ့ ဖိအားပေး နေခဲ့ ပါတယ် ။

myan789

ဒါကြောင့် ဘယ်လ်ဂျီယံ အနေနဲ့ ဖိုင်နယ် အဆင့် ကို တက်လှမ်း နိုင်ဖို့ အတွက် အင်္ဂလန် ကို အနိမ့်ဆုံး သရေ ကစားဖို့ လိုအပ် နေခဲ့ ပါတယ် ။ ပထမ အကျော့ အင်္ဂလန် မြေပေါ် မှာ တုန်းက အင်္ဂလန် ဟာ ဘယ်ဂျီယံ ကို ၂ – ၁ နဲ့ အနိုင် ကစား ထားခဲ့တာ ကြောင့် Head to Head မှာ အသာ ရရှိ ထားခဲ့ ပါတယ် ။

ဒါပေမယ့် လူကာကူ ကတော့ သူတို့ ဟာ ဒုတိယအကြိမ်မြောက် ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ဖိုင်နယ် ၄ သင်း အဆင့်ကို တက်လှမ်း နိုင်မယ်လို့ ယုံကြည် ထားသလို အင်္ဂလန် ကိုလည်း ရှုံးကြွေး ပြန်ဆပ် နိုင်ဖို့ မျှော်လင့် ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ရက်ဖိုဒ့် မပါ နိုင်တာက အင်္ဂလန် အတွက် အားလျော့ စရာပါ ။ ကျွန်တော်တို့ အတွက်တော့ ဝမ်းသာ စရာ ပါပဲ ။ သူ မပါရင် ကျွန်တော်တို့ ခံစစ် သမားတွေ အတွက် ခေါင်းခဲစရာ တစ်ခု သက်သာ သွားတာပေါ့ ။ ဘာလို့ လည်း ဆိုတော့ သူက တကယ့် ပရော်ဖက်ရှင်နယ် ကစား သမားပါ”

“အခုမှ သူ က လူငယ် ကစား သမား ဖြစ်နေတုန်းပါ ၊ ဒါပေမယ့် ခြေစွမ်း ကတော့ မငယ်တော့ ပါဘူး ။ ဒီကမ္ဘာ ပေါ်က ဘယ်လို နောက်တန်းကို မဆို ပြဿနာ ပေးနိုင်တဲ့ ကစား သမား ဖြစ်နေ ပါပြီ ။ မြန်တယ် ၊ လိမ်ခေါက် နိုင်တယ် ၊ အသင်းဖော်တွေ နဲ့လည်း ချိတ်ဆက် နိုင်တယ် ၊ ကန်ချက် လည်း ပြင်းပါတယ်”

“ဒါပေမယ့် အင်္ဂလန် မှာ အခြား လူကောင်းတွေ အများကြီး ရှိပါ သေးတယ် ။ ရက်ဖိုဒ့် တို့လို လူအချို့ မပါ နိုင်ပေမယ့် သူတို့က အသင်းကြီး အဆင့်မှာ ရှိနေ ဦးမှာ အသေအချာ ပါပဲ ။ ဒီပွဲ ဟာ ခက်ခဲတဲ့ ပွဲ ဖြစ်လာမှာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ ကိုယ်လုပ်စရာ ရှိတာကို လုပ်ပြီး အနိုင် ရလဒ် အတွက် ကြိုးစား သွားမှာပါ” လို့ ရိုမီရို လူကာကူ က ပြောဆို သွားခဲ့ ပါတယ် ။

လူကာကူ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၂ ရာသီ ကစား ခဲ့ပြီး နည်းပြ ဆိုးရှား လက်ထက် မှာတော့ နေရာ မရ ဖြစ်လာကာ ၂၀၁၉ သြဂုတ်လ မှာတော့ အင်တာ မီလန် အသင်းကို ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။ လူကာကူ က သူ ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်လာရမှု အပေါ် နောင်တ မရမိ ကြောင်း နဲ့ အီတလီ ကလပ် မှာ အသားကျ အဆင်ပြေနေ ကြောင်းထုတ်ဖော် ပြောဆို ခဲ့ဖူး ပါတယ် ။

ဒါပေမယ့် လူကာကူ က သူ ဟာ ယူနိုက်တက် အသင်းဖော်ဟောင်း ရက်ဖိုဒ့် ကစားတာတွေ ကို စောင့်ကြည့် ဖြစ်ပြီး ဒီနှစ်ထဲ မှာ ရက်ဖိုဒ့် ရဲ့ တိုးတက်လာမှုတွေ ကို ကြည့်ရင်း အတွေးစတွေ ပေါ်မိ ကြောင်းလည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် မှာ သူ့ကို စမြင်လိုက် ကတည်းက သူ့မှာ တစ်မူ ထူးခြားတဲ့ အရည်အသွေးတွေ ရှိနေတယ် ဆိုတာကို ကျွန်တော် သတိပြုမိ ခဲ့ပါတယ် ။ ဒီနှစ်တွေ မှာ သူ နဲ့ ကျွန်တော် ဝေးသွား ပေမယ့် သူ့ကို ကျွန်တော် မကြာခဏ ဆိုသလို ကြည့်ဖြစ် ပါတယ်”

“သူ့ရဲ့ ဆိုရှယ် မီဒီယာ ပေါ်က လှုပ်ရှားမှုတွေ ကလည်း တကယ် ချီးကျုး စရာတွေပါ ။ လူတွေ ကတော့ ပြောကြ ပါတယ် ၊ သူ နဲ့ ကျွန်တော် သာ တွဲ ကစားဖြစ် ခဲ့မယ် ဆိုရင် ၂ ယောက် စလုံး အခုထက် ပိုပြီး ဂိုးတွေ သွင်းနိုင် ကြလိမ့်မယ်ပေါ့ ။ ဒါက တကယ် ဖြစ်မလာ ခဲ့တော့ ကျွ်တော် လည်း မပြောတတ် ပါဘူး ။ ဒါပေမယ့် သူ နဲ့ အတွဲမိမယ် လို့တော့ သေချာပေါက် ယုံကြည်ပါတယ်” လို့ လူကာကူ က ပြောဆို သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular