spot_img

အင်္ဂလန်ကို ဗိုလ်လုပွဲ ပို့ပေးပြီးနောက် ကတိပေးမှု တစ်ခု ပြုလုပ်လိုက်တဲ့ ဂါးရတ် ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရို 2020 ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့် ပွဲစဥ် အဖြစ် ဝင်ဘလေ ကွင်းထဲ ဒိန်းမတ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 – 1 ဆိုတဲ့ အနိုင် ရလဒ် နဲ့ အတူ ဗိုလ်လုပွဲဆီ တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ဒိန်းမတ် အသင်းက ပွဲချိန် မိနစ် 30 ထဲက ဦးဆောင်ဂိုး သွင်းယူထားနိုင်ခဲ့ပေမဲ့ 9 မိနစ် အကြာမှာပဲ ခါဂျာရဲ့ own goal ကြောင့် အင်္ဂလန်တို့ ခြေပဂိုး ရရှိ သွားခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် မိနစ် ၉၀ အထိ 1 – 1 သာ ဖြစ်နေခဲ့တဲ့ အတွက် အချိန်ပို ကစားခဲ့ရ ပါတယ် ။

myan789

အချိန်ပို မှာတော့ အင်္ဂလန် တို့ဟာ အငြင်းပွားဖွယ် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ကြပြီး အဆိုပါ ပင်နယ်တီကို ဟယ်ရီကိန်း ကန်ခဲ့ရာ ရှမိုက်ကယ်မှ ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ဘောလုံးဟာ ကိန်းဆီ ပြန်ရောက်ခဲ့တဲ့ အတွက် သူဟာ ပိတ်သွင်းရင်း နိုင်ပွဲ ရသွားစေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်တော့ 55 နှစ် အကြာမှ ဗိုလ်လုပွဲဆီ ပထမဆုံး တက်လှမ်း နိုင်ခြင်း ဖြစ်သွားခဲ့ရပါတယ် ။ ပွဲစဥ်အပြီးမှာတော့ အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ်က ဒါဟာ အံ့ဖွယ် ညချမ်း ဖြစ်ခဲ့ကြောင်းပြောရင်း ပရိသတ်တွေအတွက် အမှတ်တရတွေကို ဖန်တီးပေးမယ်လို့ ကတိပေး သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော့်ရဲ့ ကစားသမားတွေအတွက် အရမ်းပဲ ဂုဏ်ယူမိ ပါတယ် ။ ပါဝင် ကစားခွင့် ရခဲ့တဲ့သူတွေအတွက် ဒါဟာ အံ့ဖွယ် အခွင့်အရေး တစ်ခုပါပဲ ။ ပရိသတ်တွေဟာ တစ်ညလုံး အံ့ဖွယ် အားပေးခဲ့ကြ ပါတယ် ။ ဒါဟာ မပြီးသေးဘူးဆိုတာ ကျွန်တော်တို့ သိကြပါတယ် “

” ကျွန်တော်တို့ အခုအချိန်အထိ အမှတ်တရ ဖြစ်စေနိုင်မဲ့ ပွဲစဥ် 3 ပွဲ ပိုင်ဆိုင်ထားပြီလို့ ထင်ပါတယ် ။ ကျွန်တော်တို့ဟာ နိုင်ငံ့ အတွက် အမှတ်တရတွေ ဖန်တီးပေးကြမယ် ဆိုတဲ့ အကြောင်းတွေ ကြိုတင် ပြောထားခဲ့ကြသေးတယ်လေ “

” အဲ့ဒီထဲက အကျေနပ်ဆုံး အကြောင်းအရာ တစ််ခုက ကျွန်တော်တို့ဟာ ပရိသတ်တွေကို နောက်ထပ် အံ့ဖွယ်ည အခိုက်အတန့်တွေ ပေးဆောင် နိုင်ခဲ့ကြတာပါပဲ ။ ဒီခရီးစဥ်ကို ကျွန်တော်တို့ နောက်ထပ် 4 ရက်လောက် ဆက်ကြရပါဦးမယ် “

” အသင်းသားတွေဟာ ဒီလို ညချမ်းမျိုး အကောင်းဆုံး ကျော်ဖြတ် ပြနိုင်ခဲ့ကြ ပါတယ် ။ မော်စကိုမှာ ကျွန်တော်တို့ဟာ နာကျင်မှုတွေ ခံစားခဲ့ပြီးကြပါပြီ ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျော်ဖြတ် ပြနိုင်ခဲ့ကြ ပါတယ် “

” အခု ကျွန်တော်တို့ ဖိုင်နယ် တက်ရောက် နိုင်ခဲ့ကြပါပြီ ။ ဒါကို ပျော်ရွှင်ခံစား ကြရ ပါတော့မယ် ။ ကျွန်တော်တို့ နောက်ဆုံးအကြိမ် ကျော်ဖြတ်ပြရမယ့် အခွင့်အရေး ပိုင်နေကြပါပြီ ။ ဗိုလ်လုပွဲ ဆိုတာက အနိုင်ယူ ကျော်ဖြတ်ရမယ့် ပွဲစဥ်မျိုးပါ “

” ကျွန်တော်တို့ ပြန်လည် စုဖွဲ့ပြီး သင့်တင့်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ကြရပါ့မယ် ။ ဒီည ပွဲစဥ်က စိတ်ပိုင်းရော ၊ ရုပ်ပိုင်းပါ အတော်လေး လှုပ်ရှားခဲ့ရ ပါတယ် ” လို့ ဆောက်ဂိတ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular