spot_img

အင်တာမိုင်ယာမီအသင်း အောင်မြင်မှုများရရှိအာင် နည်းပြသစ် မာတီနို စွမ်းဆောင်ပေးနိုင်မည်ဟု အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ် ပြောကြား

အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ ဒေးဗစ်ဘက်ခမ်းက အသင်းနည်းပြသစ် မာတီနိုအနေဖြင့် အသင်းကို အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

၀ါရင့်အာဂျင်တီးနားနည်းပြဖြစ်သူ မာတီနို (၆၀ နှစ်)သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် မက္ကဆီကိုလက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးနောက် ခုနစ်လအကြာတွင် အင်တာမိုင်ယာမီအသင်းနည်းပြအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

၎င်းနှင့် အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူးသစ် မက်ဆီမှာ တတိယအကြိမ် လက်တွဲခွင့်ရခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းတွင် ၂၀၁၃-၂၀၁၄ ရာသီနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ လက်တွဲခဲ့ဖူးခြင်းဖြစ်သည်။ 

myan789


မာတီနိုသည် နည်းပြသက်တမ်း (၂၅) နှစ်အတွင်း ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးပြီး နယူးဝဲလ်အိုးဘွိုင်း၊ ဘာစီလိုနာ၊ အတ္တလန္တာယူနိုက်တက် စသည့် ကလပ်များအပြင် ပါရာဂွေး၊ အာဂျင်တီးနား၊ မက္ကဆီကိုလက်ရွေးစင်အသင်းတို့ကိုလည်း တာဝန်ယူခဲ့ဖူးသည်။ 

သို့သော် ၎င်းအနေဖြင့် အောင်မြင်မှု ကြီးကြီးမားမား မရဖူးဘဲ ဘာစီလိုနာအသင်းနှင့် စပိန်စူပါဖလား၊ အတ္တလန္တာယူနိုက်တက်အသင်းနှင့် မေဂျာလိဂ်ဖလား၊ မက္ကဆီကိုအသင်းနှင့် ကွန်ကာကပ်ဖ် Gold Cup ဆုဖလားသာ ဆွတ်ခူးရယူနိုင်ခဲ့သည်။

အင်တာမိုင်ယာမီအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ဘက်ခမ်က “တာတာ(မာတီနို)က ကျွန်တော် တို့ရဲ့ကစားနည်း (ဘောလုံး)ရဲ့ လေးစားစရာကောင်းတဲ့ ပုံရိပ်တစ်ခုဖြစ်ပြီး၊ ဒါကို သူ ဖြတ်သန်းလာခဲ့တဲ့ ဘောလုံးသမိုင်းကြောင်းက ပြောနေပါတယ်။ ကျွန်တော်တို့အသင်းက အနာဂတ်အောင်မြင်မှုတွေအတွက် ယုံကြည်မှုအပြည့် ရှိပါတယ်။ တာတာက နည်းပြတစ်ဦးအနေနဲ့ သူ့ရဲ့အောင် မြင်မှုနဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့အသင်းကို လှုံ့ ဆော်ပေးနိုင်မှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း စိတ် လှုပ်ရှားစရာကောင်းပါလိမ့်မယ်။ ဒါဟာ ကွင်းတွင်း၊ ကွင်းပြင်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ”ဟု ပြော ကြားခဲ့သည်။ 

အင်တာမိုင်ယာမီအသင်းသည် ၂၀၂၃ ရာသီတွင် ၁၈ ပွဲကစား၊ ၁၅ မှတ်ဖြင့် အရှေ့ပိုင်းဇုန်ဇယားအောက်ဆုံး ရောက်ရှိနေသည့် အသင်းဖြစ်ပြီး အသင်း၏ ရလဒ်ဆိုးများကြောင့်လည်း နည်းပြဖြစ်သူ မန်ချက်စတာယူနိုက်တက် အသင်းကစားသမားဟောင်း ဖီးလ်နီဗီးလ်အား ဇွန်လ (၁) ရက်နေ့ကတည်း ရာထူးမှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular