spot_img

အင်တာနည်းပြရာထူးမှ ထွက်ခွာဖွယ်ရှိသည့် ကွန်တီ၏နေရာတွင် အစားထိုးမည့် နည်းပြအဖြစ် အယ်လီဂရီ ထိပ်ဆုံးမှ ရေပန်းစား

အင်တာမီလန်နည်းပြရာထူးမှ ထွက်ခွာဖွယ်ရှိသည့် ကွန်တီ၏နေရာတွင် အစားဝင်မည့်သူအဖြစ် အေစီမီလန်နှင့်ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီက ထိပ်ဆုံးမှရေပန်းစားနေကြောင်း သိရသည်။ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်တာမီလန်နည်းပြ ကွန်တီသည် လာမည့်ရက်ပိုင်းအတွင်း ၎င်း၏အနာဂတ်ကို ဆွေးနွေးသွားမည်ဟု ပြောဆိုခဲ့ပြီး ထွက်ခွာနိုင်ခြေရှိကြောင်းလည်း အရိပ်အမြွက်ဆိုခဲ့သည်။ ကွန်တီ က ”တစ်ရာသီလုံး ခြုံကြည့်ရင် ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်။ အင်တာကလည်း ကျွန်တော်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အနာဂတ်ကို ထုဆစ်ဖို့အတွက် အစီအစဉ်ဆွဲဖို့ ကြိုးစားနေတယ်။ အင်တာမီလန်ကို နည်းပြရတဲ့အတွက် ပျော်ရွှင်ပြီး ဒီအခွင့်အရေးကို ပေးတဲ့သူတွေကို ကျေးဇူးတင်လိုပါတယ်”ဟု ဆိုခဲ့သည်။

ထို့ပြင် ကွန်တီသည် မိသားစုအခြေအနေနှင့် ပတ်သက်၍လည်း ပြောကြားခဲ့သေးပြီး အင်တာမီလန်ဥက္ကဋ္ဌကလည်း ကွန်တီ၏အနာဂတ်သည် ၎င်းနှင့်မိသားစုဝင်များ၏ဆန္ဒအပေါ်တွင် မူတည်နေသည်ဟု ဝန်ခံခဲ့သည်။ ကွန်တီက
”တချို့အခြေအနေတွေက ကျွန်တော့်မိသားစုကို သက်ရောက်မှုရှိတဲ့အခါ မီလန်မှာ ပျော်နေတာနဲ့တင် ကျွန်တော် မလုံလောက်တော့ပါဘူး။ အရာအားလုံးမှာ အကန့်အသတ်ရှိပြီး ကျွန်တော့် Limit ဘယ်မှာဆုံးသလဲ ကျွန်တော် ပြန်ကြည့်ရပါမယ်။ အခြေအနေတွေကို အမျက်သိုမှုမပါဘဲ ကျွန်တော်တို့ ရှင်းလင်းမှာဖြစ်ပြီး ဒီအသင်းမှာရှိခဲ့တဲ့ တစ်နှစ်အတွက် ကျွန်တော် ကျေးဇူးတင်နေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီအလုပ်က အရမ်းခက်ခဲကြမ်းတမ်းပါတယ်”ဟု ပြောကြားခဲ့သည်။

myan789

ကွန်တီသည် အသင်းဥက္ကဋ္ဌဖြစ်သူနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးပြီး အဆိုပါကိစ္စကြောင့် ကွန်တီသည် အင်တာမီလန်တွင် မပျော်ပိုက်ခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြကြသည်။ ကွန်တီ၏ ထွက်ခွာနိုင်ခြေ မြင့်တက်လာခြင်းနှင့် အတူ ၎င်း၏နေရာတွင် အစားထိုးမည့်နည်းပြအလေးပေးမှုများလည်း ပေါ်ထွက်လာပြီး နာမည်ကျော်အီတလီနည်းပြ အယ်လီဂရီက ရေပန်းအစားဆုံး ဖြစ်နေသည်။ အယ်လီဂရီသည် ပြီးခဲ့သည့်ရာသီကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး အင်တာမီလန်အသင်း၏ ပြိုင်ဘက်များဖြစ်သော အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းများတွင် အောင်မြင်မှုများရယူနိုင်ခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular