မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းတွင် ၀ါရင့်တိုက်စစ်မှူး အဂွဲရိုးမရှိတော့လျှင် ကြုံတွေ့ရမည့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အဂွဲရိုးသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်စီးတီးအသင်းက ဒဏ်ရာများဖြင့်ရုန်းကန်နေရသော ၎င်းကို စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိပေ။
ဂွါဒီယိုလာက ”ကျွန်တော်တို့ သူ့ (အဂွဲရိုး)ကို လိုအပ်ပါတယ်။ သူဟာ ကျွန်တော်တို့အသင်းရဲ့သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးပါ။ သူမရှိချိန်မှာ ကျွန်တော်တို့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဆန့်ကျင်ဘက်အခြေအနေတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ” ဟု ပြောကြားခဲ့သည်။
အဂွဲရိုးသည် ယခုရာသီတွင် ဒဏ်ရာများကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲသာ ပါဝင်ကစားခဲ့ရပြီး (၂)ဂိုးသာ သွင်းယူထားနိုင်သေးသည်။