spot_img

အချက်အလက်ကုမ္ပဏီတစ်ခုဖြစ်သည့် Nielsen’s Gracenote ၏တွက်ချက်မှုအရ ချန်ပီယံလိဂ်တွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းပင် ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးဖြစ်နေ

ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်အတွက်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် မန်စီးတီးအသင်းက ထိပ်ဆုံးတွင် ရပ်တည်နေသလို အချက်အလက်ကုမ္ပဏီတစ်ခုဖြစ်သည့် Nielsen’s Gracenote  ၏ တွက်ချက်မှုအရလည်း မန်စီးတီးအသင်းက ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်လျက်ရှိသည်။

မန်စီးတီးအသင်း၏ ယခုနှစ် ချန်ပီယံလိဂ်အတွက် ဗိုလ်စွဲနိုင်ခြေမှာ ဥရောပထိ်ပ်တန်းအသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် စသည့် အသင်းကြီးများထက် အပြတ်အသတ် အသာရနေပြီး ဗိုလ်စွဲရန်အတွက် ဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ (၃၀) ရာခိုင်နှုန်းအထိ ရှိနေသည်။

myan789

မန်စီးတီးအသင်း၏နောက် ဒုတိယနေရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက (၁၈) ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး တတိယနေရာတွင်မူ ဘိုင်ယန်မြူးနစ်အသင်းက (၁၅) ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိသည်။

၎င်းတို့၏နောက်တွင် အစဉ်လိုက်အားဖြင့် အာဆင်နယ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ PSG၊ အက်သလက်တီကိုမက်ဒရစ်၊ ဒေါ့မွန် စသည့်အသင်းများက ရပ်တည်နေကြသည်။

ဆိုစီဒက်၊ PSV၊ ပေါ်တို၊ လာဇီယိုနှင့် ကိုပင်ဟေဂင်အသင်းတို့၏ ဗိုလ်စွဲရန်ရေပန်းစားမှှုမှာ (၁) ရာခိုင်နှုန်းစီသာရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular