ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းက မိမိတို့အိမ်ကွင်းတွင် အက်သလက်တီကိုအသင်းကို အနိုင်ကစားမည်ဟု ကြုံးဝါးပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါ ပွဲစဉ် ၁၅ အဖြစ် ယနေ့တွင် အက်သလက်တီကိုအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
လာလီဂါပွဲစဉ် ၁၄ အပြီးတွင် အက်သလက်တီကိုနှင့် ဘာစီလိုနာအသင်းတို့သည် ရမှတ် ၃၁ မှတ်စီ ရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် အဆင့် ၃ နှင့် အဆင့် ၄ နေရာများတွင် ရပ်တည်နေကြသည်။
ဖရန်ကီဒီယွန်းက “အက်သလက်တီကိုက အရည်အချင်းများစွာရှိပြီး ကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ သူတို့ရဲ့လူစာရင်းက အရမ်းတောင့်တင်းပြီး အရည်အချင်းရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ သူတို့ နဲ့ ကစားရတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အဲဒီအတွက် အထူးပြင်ဆင်တာမျိုး မရှိပါဘူး။ အိမ်ကွင်းမှာ သူတို့ကို အနိုင်ကစားမှာပါ”ဟု ပြောကြားခဲ့သည်။