spot_img

အက်စတွန် ဗီလာနဲ့ နိုင်ပွဲအပြီး အသင်းဖော် 7 ဦး အထိကို ချီးကျူးသွားခဲ့လိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 34 အဖြစ် အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် ကွင်းလယ်ဟာ ပွဲစဥ်ကို ထိန်းချုပ်် ကစားနိုင်ခဲ့ပြီး ခံစစ်ပိုင်းကစားပုံကလည်း ကျစ်လျစ််ခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာတော့ အခွင့်အရေး ဖြုန်းတီးမှုတွေ များပြားနေခဲ့တဲ့ အတွက် သွင်းဂိုးတွေကို ဆုံးရှုံးခဲ့ရပါတယ် ။

myan789

ဘယ်လိုပဲ ဖြစ်ပါစေ ၊ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက််တို့ အဖိုးတန် နိုင်ပွဲ ရရှိနိုင်ခဲ့ကြသလို နောက်ရာသီ ချန််ပီယံလိဂ် ဝင်ခွင့် ရရှိရေး အတွက်လည်း အခွင့်အလမ်း ပိုသာသွားခဲ့ရပါတယ် ။ အဆိုပါ ပွဲအပြီးမှာတော့ ဘရူနို က အသင်းဖော် 7 ဦးကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” ဒဏ်ရာကြောင့် အချို့လူတွေကို လွမ်းဆွတ်နေခဲ့ရတာ ကျွန်တော်တို့ သိကြပါတယ် ။ ဟယ်ရီ မက်ဂွားယား ဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေခဲ့ပါဘူး ။ ဒါပေမဲ့ သူဟာ ကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး ကျွန်တော်တို့ကို အကူအညီပေးဆောင်ခဲ့ပါတယ် ”

” သူဟာ နောက်ဆုံး မိနစ် အနည်းငယ်မှာ ဝင်ရောက်ပြီး အသင်းကို အကူအညီပေးဆောင်ခဲ့တာပါ။ တကယ်တမ်းမှာတော့ သူဟာ အ​ကောင်းဆုံး ပုံစံကို မပိုင်ဆိုင်ထားခဲ့သလိို ကြံ့ခိုင်မှု ပြသနာလည်း ရှိနေခဲ့သူပါပဲ ။ ဒါပေမဲ့ သူက အကောင်းဆုံး ကြိုးစားခဲ့ပါတယ် ”

” ဒီနေ့ပွဲမှာတော့ ဗစ်တာ လင်ဒီလော့ဖ် က ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်ခဲ့ပြန်တယ်လို့ ထင်မိပါတယ် ။ ပြီးတော့ သူနဲ့ ကာစီမီရို တို့က ကွင်းထဲမှာ အကောင်းဆုံး ဖြစ်ခဲ့ကြပါတယ်် ။ ဒီနေ့ညအတွက် အသင်းမှာ သူတို့ နှစ်ဦးက အကောင််းဆုံးပါပဲ ”

” ဒီယိုဂို ဒါးလော့ ကဆိုရင်လည်း မယုံကြည်နိုင်လောက်အောင် ကောင်းခဲ့ပါတယ် ။ ပြီးတော့ ဗဟို ခံစစ် နေရာမှာ ကစားခဲ့ရတဲ့ လုခ်ရှော ကလည်း တကယ့်ကို မယုံကြည်နိုင််စရာ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့ပါတယ် ”

” တိုင်ရယ် မာလာစီယာ ဟာလည်း ဒေးဗစ် (ဒီဂီယာ) အတွက်် အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ် ။ သူ့အတွက် Clean Sheet ရယူပေးနိုင်ခဲ့လို့ ကျွန်တော်တို့ အရမ်းကိုပဲ ပျော်ရွှင်ခဲ့ရပါတယ် ။ Clean Sheet ဆိုတာက ဂိုးသမားတွေ အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာကို ကျွန်တော််တို့ သိကြတယ်လေ ”

” ကျန်တဲ့ အသင်းဖော်တွေလည်း အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုး ရခဲ့သင့်တာပေါ့ဗျာ ။ ဒါပေမဲ့ သူတို့ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံက ကောင်းလွန်းလှပါတယ် ။ သူတို့ကို အနိုင်ယူဖို့က ခက်ခဲလှတယ်လေ ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular