ရီးယဲလ်အသင်းနှင့် ဂျာမနီလက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမား တိုနီကရို့စ်က လက်တွဲခဲ့ဖူးသည့်ကစားသမားများထဲမှ နေရာအလိုက် အကောင်းဆုံးကစားသမား (၄)ဦးကိုရွေးချယ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ရွေးချယ်ရာတွင် လက်ရှိရီးယဲလ်ဂိုးသမား ကော်တိုအာနှင့် တိုက်စစ်မှူး ဘန်ဇီမာတို့မှာ တိုနီကရို့စ်၏ ရွေးချယ်မှုတွင် မပါဝင်ခဲ့ကြောင်း သိရသည်။
တိုနီကရို့စ်က အကောင်းဆုံးဂိုးသမားအဖြစ် ဂျာမနီဂိုးသမား နော်ယာကို ရွေးချယ်ခဲ့ပြီး အကောင်းဆုံးနောက်ခံလူအဖြစ် လက်ရှိ PSG အသင်းတွင် ကစားနေသည့် ရီးယဲလ်နောက်ခံလူဟောင်း ရာမို့စ်၊ အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် ရီးယဲလ်မှ မိုဒရစ်၊ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် လက်ရှိမန်ယူအသင်းတွင် ကစားနေသည့် ရီးယဲလ်ကစားသမားဟောင်း စီရော်နယ်လ်ဒိုကို ရွေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိုနီကရို့စ်က မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူသည်အထိ ရီးယဲလ်အသင်းတွင် ကစားလိုကြောင်းလည်း ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်ကစားသမား တိုနီကရို့စ်သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။