spot_img

ဟိုင်ဒင်ဟိမ်းကိုအနိုင်ရပြီးနောက် ချဲလ်ဆီးရဲ့ကစားပုံကို ကျေနပ်အားရမိတယ်လို့ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မျာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဟိုင်ဒင်ဟိမ်းကို ၀-၂ နဲ့အနိုင်ရပြီးနောက် အသင်းရဲ့ကစားပုံကို ကျေနပ်အားရကြောင်းနဲ့ နိုင်ပွဲနဲ့ထိုက်တန်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အန်ကွန်ကူ၊ မူဒရစ်ခ်တို့ရဲ့သွင်းဂိုးတွေကြောင့် အဝေးကွင်းနိုင်ပွဲရရှိခဲ့ကာ ကွန်းဖရန့်လိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

myan789

ပွဲအပြီးမှာတော့ မာရက်စ်ကာက “တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်း အရမ်းခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါအသင်းတစ်သင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရတာ မလွယ်ပါဘူး။ ဒါပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ အတော်လေးကောင်းခဲ့ပါတယ်”

“ဘွန်ဒက်စ်လီဂါအသင်းတွေနဲ့ကစားရတာ ဘယ်တော့မှမလွယ်ပါဘူး။ အမြဲတမ်းခက်ခဲနေတာပါပဲ။ အသင်းရဲ့ကစားသမားတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ဒီပွဲမှာ ဂိုးတွေအများကြီးသွင်းဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ ပြီးတော့ အခွင့်အရေးအချို့လည်း ပြန်လည်ခွင့်ပြုခဲ့ရပေမယ့် ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ်ပွဲစဉ် ၄ ပွဲစလုံးကို နိုင်ပွဲရထားပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားနိုင်ပေမယ့် မာရက်စ်ကာကတော့ ဒီပြိုင်ပွဲဟာ စိန်ခေါ်မှုတွေများပြားတဲ့ပြိုင်ပွဲဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

Chelsea manager Enzo Maresca said he was pleased with his team

အီတလီသားက “ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက်ရော အခြားအသင်းတွေအတွက်ပါ စိန်ခေါ်မှုပြင်းထန်ပါတယ်။ အားလုံးက ပြိုင်ဘက်ကို ဖိအားပေးကစားကြဖို့ပဲ ပြင်ဆင်ထားကြပြီး ကျွန်တော်တို့ကလည်း အဆင်သင့်ရှိနေဖို့ အမြဲတမ်းကြိုးစားထားပါတယ်။ ပွဲစဉ်တိုင်းကိုအနိုင်ယူဖို့ စိတ်ဓာတ်ပြင်းထန်နေတာကလည်း ကျွန်တော်တို့အတွက် အရေးပါတဲ့အချက်တစ်ချက်ပါ။ ဘာကိုပဲတည်ဆောက်ဖို့ကြိုးစား ကြိုးစား စိတ်ဓာတ်ပိုင်းက အရေးကြီးဆုံးပါပဲ”

“ကွန်းဖရန့်လိဂ်မှာ ၁၀၀ ရာခိုင်နှုန်းအနိုင်ရထားလို့ အရမ်းကျေနပ်မိပါတယ်။ အဆုံးမှာလည်း ဒီပုံစံအတိုင်းပဲ ရာနှုန်းပြည့်အနိုင်နဲ့ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်ကတော့ လာမယ့်တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ပွဲအတွက် အားမွေးရပါတော့မယ်” လို့ပြောကြားခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ မာရက်စ်ကာဟာ ဂျာမနီနိုင်ငံအထိလိုက်ပါပြီး အသင်းကိုအားပေးခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ချီးကျူးစကား ပြောခဲ့ပါတယ်။ လက်စတာနည်းပြဟောင်းက “ပရိသတ်တွေက ချီးကျူးစရာပါ။ အင်္ဂလန်မှာတောင်မဟုတ်ဘဲ အခြားနိုင်ငံတစ်ခုအထိ လိုက်ပါအားပေးကြပါတယ်။ ကျွန်တော်တို့နဲ့အမြဲတမ်း အတူတူရှိနေကြပါတယ်။ အခုလို အနိုင်ရလဒ်နဲ့ အိမ်ပြန်နိုင်ကြလို့ အရမ်းဝမ်းသာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular