spot_img

ဟာရီကိန်း၏ အပြောင်းအရွှေ့သတင်းများကို စပါးအသင်းနည်းပြ နူနိုဆန်တို ငြင်းဆန်ပယ်ချ

စပါးအသင်းနည်းပြ နူနိုဆန်တိုက တိုက်စစ်မှူး ဟာရီကိန်း၏ အပြောင်းအရွှေ့သတင်းများကို ငြင်းဆန်ပယ်ချခဲ့ပြီး ၎င်းင်းမှာ မိမိတို့ကစားသမား ဖြစ်ကြောင်းနှင့် အခြားအကြောင်း ပြောစရာမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သူ ဟာရီကိန်းက ယခုနွေရာသီတွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိ ကြောင်း အရိပ်အမြွက်ပြောကြားထားသဖြင့် အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်နေခြင်း ဖြစ်သည်။ သို့သော် ယင်းသတင်းများနှင့်ပတ်သက်၍ နူနိုက “ဟာရီက ကျွန်တော်တို့ကစားသမားပါ။ ဒါက အခိုက်အတန့်ပါပဲ။ တခြားအကြောင်းတွေ ပြောနေစရာမလိုပါဘူး။ အခုအချိန်က ဟာရီအတွက် ခွန်အားပြန်ဖြည့်ရမယ့်အချိန်ပါ။ ဟာရီပြန်ရောက်လာတဲ့အခါ ကျွန်တော်တို့ စကားပြောဖို့၊ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အချိန်ရပါလိမ့်မယ်။ အသင်းဆီ သူပြန်ပူးပေါင်းလာမယ့်အချိန်ကို ကျွန်တော်စောင့်နေပါတယ်။ အဲဒီအချိန်ကျရင် အလုပ်တွေ အတူစလုပ်ကြမှာပါ။ ကစားသမား တွေအားလုံးနဲ့အတူ အလုပ်လုပ်ရမယ့်အချိန်အတွက် စိတ်လှုပ်ရှားနေပါတယ်။ ဟာရီက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောနိုင်တာအားလုံးက ဒါပါပဲ” ဟု တုံ့ပြန်ပြောကြားခဲ့သည်။

myan789

ထို့ပြင် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် မခေါ်နိုင်သေးသည့် အခြေအနေနှင့်ပတ်သက်၍ နူနိုက “ကျွန်တော်တို့ (ဘောလုံးဒါရိုက်တာ ပါရာတီချီ၊ စွမ်းဆောင်ရည်ပိုင်းဒါရိုက်တာ စတိဗ်ဟစ်ချန်နှင့်အတူ) ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့လုပ်ရမယ့် ဟာတွေ တော်တော်ရှိနေသေးတာကို သိပါတယ်။ ကစားသမားသစ်ခေါ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ အသင်းနဲ့ကိုက်ညီတဲ့ ကစားသမား ရှာဖွေရမှာဖြစ်ပြီး အဲဒီသူတွေပဲ ရောက်လာနိုင်ပါတယ်။ စတိဗ်နဲ့ ဖာဘီယိုကလည်း သူတို့အလုပ် သူတို့လုပ်နေပြီး စျေးကွက်ကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်ကလည်း လေ့ကျင့်ရေးကွင်းမှာ ကိုယ့်အလုပ်ကိုယ်လုပ်နေပါတယ်။ အသင်းရဲ့လူစာရင်း ပိုပြီးတိုးတက် ကောင်းမွန်လာဖို့ ကျွန်တော်တို့ စိတ်ကူးစိတ်သန်းတွေကို မျှဝေပြီး လုပ်နေပါတယ်။ အဲဒါက လွယ်တော့မလွယ်ပါဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။

ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက ဟာရီကိန်းကို ပေါင် သန်း ၁၀၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်လျက် ရှိပြီး စပါးအသင်းကမူ ရောင်းချလိုခြင်းမရှိ ကြောင်း သိရသည်။ မန်စီးတီးအသင်းအနေ ဖြင့် ဟာရီကိန်းကို မခေါ်ယူနိုင်ပါက ဂွါဒီယိုလာနှင့် လက်တွဲခဲ့ဖူးသည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular