ဘိုင်ယန်မြူးနစ်အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌတစ်ဦးဖြစ်သည့် အူလီဟိုးနက်စ်က စပါးအသင်းထံမှ အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူခဲ့ရာတွင် မီဒီယာများတွင် ဖော်ပြသကဲ့သို့ ယူရိုသန်း(၁၀၀)ကျော် ပေးချေရခြင်းမရှိဘဲ ယူရို(၉၅)သန်းသာ အသုံးပြုခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဟာရီကိန်းအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)နှင့် Add-ons ကြေး ယူရို(၁၀)သန်း ပေးရမည်ဖြစ်ကြောင်း သတင်းထွက်ခဲ့ခြင်း ဖြစ်သည်။
BR24 နှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် အူလီဟိုးနက်စ်က “ဟာရီကိန်းအတွက် ကျွန်တော်တို့ အသုံးပြုခဲ့ရတဲ့ငွေကြေးက ယူရို(၉၅)သန်းပါပဲ။ မီဒီယာတွေဖော်ပြနေတဲ့ ယူရိုသန်း ၁၀၀ ကျော် မဟုတ်ပါဘူး”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲ ၇ ပွဲ ကစားထားပြီး ၈ ဂိုးသွင်းကာ ခြေစွမ်းပြလျက်ရှိသည်။