စပါးအသင်း၏ ဘောလုံးဒါရိုက်တာ ပါရာတီခီက တိုက်စစ်မှူး ဟာရီကိန်းကို ဆက်ထိန်းထားရန်မှာ အသင်း၏ရည်မှန်းချက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်းမှ ထွက်ခွာခွင့်တောင်းထားသလို၊ မန်စီးတီးအသင်းကလည်း တရားဝင်ကမ်းလှမ်းမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
သို့သော် ပါရာတီခီက “သူ့သဘောထားကို ကျွန်တော် မကြားရသေးပါဘူး။ သူ ယူရိုနဲ့ အလုပ်များနေလို့ပါ။ ဒါပေမဲ့ သူ့လို ကစားသမားကို ဆက်ထိန်းထားဖို့က ကျွန်တော့်ရည်မှန်းချက်သက်သက်မဟုတ်ပါဘူး။ အသင်းရဲ့ရည်မှန်းချက်ပါ” ဟု ပြောကြားခဲ့သည်။