spot_img

သူ့ရဲ့ role က ဘာလဲ ၊ ဒီနှစ် ဆိုးလ်ရှား ဘာတွေ​ သင်ပေးခဲ့သလဲဆိုတာ ဖွင်ပြောလိုက်တဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် က နည်းပြ ဆိုးလ်ရှား လက်အောက်မှာ ကစားနေရတဲ့ သူ့ရဲ့ role ၊ ပွဲစဥ်တွေ အပေါ် ဘယ်လို မြင်သလဲ ဆိုတဲ့ အကြောင်းနဲ့ နည်းပြက သူ့ကို ဘာတွေပြောခဲ့သလဲဆိုတာ တွေကို ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

ဖရက်ဒ်ဟာ 2020 – 21 ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 47 ပွဲ အထိ ကစား ပေးခွင့် ပိုင်ဆိုင်ခဲ့ပြီး ယခင်ကထက် ပွဲထွက်ခွင့်တွေ ပိုမို ပိုင်ဆိုင် နိုင်ခဲ့ကာ ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရ ပါတယ် ။

myan789

အခုတော့ ဖရက်ဒ်က ခက်ခဲတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရကြောင်း ဖွင့်ဟ ပြောကြားရင်း နည်းပြ ဆိုးလ်ရှားရဲ့ ဖီလော်ဆော်ဖီ အကြောင်း ဖွင့်ဟရင်း သူ့ရဲ့ တာဝန် က တိုက်စစ် ကစားသမားတွေကို အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ ဖြစ်ကြောင်း ဖွင့်ဟခဲ့လိုက် ပါတယ် ။

” ဒါဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သာမာန် မဟုတ်လွန်းတဲ့ ဘောလုံး ရာသီ တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ ဒီနှစ် ပွဲတွေ အရမ်းဆက်ခဲ့ရ ပါတယ် ။ ကျွန်တော် ဒီနှစ် ခြေစွမ်းတွေ ကောင်းခဲ့တယ်လို့ ထင်မိ ပါတယ် ။ ကျွန်တော်ဟာ ပုံစံကောင်း ပြနိုင်အောင် စီမံ နိုင်ခဲ့ ပါတယ် “

” ကျွန်တော် ဒဏ်ရာ ပြသနာ လုံးဝ မရှိအောင် ကစားပြ နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဒီရာသီက ကျွန်တော့် ဘဝရဲ့ အခမ်းနားဆုံးသော ဘောလုံးရာသီ ဖြစ်ခဲ့တယ်လို့တောင် ပြောလို့ ရနိုင်ပါတယ် ။ ကျွန်တော် ဂိုးတွေတော့ အများကြီး မသွင်းယူနိုင်ခဲ့ ပါဘူး “

” အချို့ ကစားသမားတွေကျ ‘ ဒီနှစ်က ငါ့ရဲ့ အကောင်းဆုံး ဘောလုံး ရာသီပဲ ၊ ငါ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တယ် ‘ လို့ ပြောလေ့ ရှိတတ်ကြ ပါတယ် ။ ကျွန်တော် 1 ဂိုးပဲ သွင်းနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့် အလုပ်က ခြားနားလှ ပါတယ် “

” ကျွန်တော်ဟာ နည်းပြ ပေးတဲ့ အလုပ်ကို လုပ်ဆောင်ရ ပါတယ် ။ ကျွန်တော် ဒီနှစ် အလုပ်တွေ ကောင်းကောင်း လုပ်ပြ နိုင်ခဲ့ပါတယ် ။ ဒီနှစ်က ကျွန်တော့်အတွက်တော့ အကောင်းဆုံး ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင်ရခြင်း ပါပဲ ” လို့ ဖရက်ဒ်က ပြောကြားရင်း ကစားပုံ နဲ့ ပတ်သက်လို့…

” ဘရူနို နဲ့ ကျွန်တော်က ကွင်းထဲမှာ အပြေးရဆုံးသော ကစားသမားတွေ ပါပဲ ။ ကျွန်တော်တို့ဟာ အခြားသူတွေထက် နည်းနည်း ပိုပြေးရပါတယ် ။ ဖေဘီယို ကျွန်တော့်ကို ချီးကျူး ခဲ့တဲ့ အတွက် ပျော်ရွှင်မိ ပါတယ် ။ အသင်းရဲ့ ကစားသမားဟောင်း ချီးကျူးမှုကို ရရှိတယ်ဆိုတာ အရမ်းကို ကောင်းတယ်လေ “

” လူတွေက တိုက်စစ်မှူးတွေ ကွင်းထဲ ခြေပေါ်တာ များတယ်လို့ ပြောဆိုတာ များကြပါတယ် ။ ဒါပေမယ့် ကျွန်တော့် အလုပ်က တိုက်စစ်ကို ထောက်ပံ့ရေး ပါပဲ ။ ဂိုးတွေ သွင်းနေဖို့ မဟုတ်ပါဘူး ။ ခံစစ်ပိုင်းကိုလည်း ကူညီပေးရဖို့ အဓိက လုပ်ဆောင်ရ ပါတယ် “

” ကျွန်တော် အလုပ်တွေ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ ပါတယ် ။ ဒီအတွက် ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ် ။ ဆိုးလ်ရှားက ခမ်းနားတဲ့ နည်းပြ ၊ လူသား တစ်ဦး ပါပဲ ။ သူဟာ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ပိုနားလည်အောင် လုပ်ပေးခဲ့ ပါတယ် “

” အစုအဖွဲ့ တစ်ခု အနေနဲ့ ကောင်းကောင်း ကစားပြနိုင်ရင် တစ်ကိုယ်တော် စွမ်းရည်တွေလည်း ထွက်ပေါ်လာပါလိမ့်မယ် ။ ကျွန်တော်တို့ တစ်ကိုယ်တော် စွမ်းရည်တွေကိုပဲပြသပြီး ထင်ပေါ်ချင်ရင် အသင်းလိုက်ကစားပုံ ကောင်းမှာ မဟုတ်တော့ ပါဘူး “

” ဒါကို သူပြသ သင်ကြားပေးခဲ့ ပါတယ် ။ ကျွန်တော်တို့ရဲ့ ဘောလုံး ရာသီက အကောင်းဆုံး မဖြစ်ခဲ့ ပါဘူး ။ ဒါပေမယ့် အတော်လေး ကောင်းခဲ့ပါတယ် ။ အစုအဖွဲ့ တစ်ခု အဖြစ် အလုပ်လုပ်တာ ဘယ်လို အဓိပ္ပါယ် ရှိသလဲဆိုတာကို ကျွန်တော်တို့ သိရှိ နားလည်ခဲ့ကြ ပါတယ် ” လို့ ဖရက်ဒ် က ဖွင့်ပြောသွားပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular