“သူ့ကို ယုံလို့ရပါတယ်” – မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းသွားတဲ့ ကာဗာနီ အတွက် ဆုတောင်းပေးခဲ့တဲ့ PSG နည်းပြ

ပြင်သစ် ထိပ်သီး ကလပ် PSG ရဲ့ နည်းပြ သောမတ် တူချယ် က မန်ချက် စတာ ယူနိုက်တက် ဟာ အီဒီဆင် ကာဗာနီ ဆီကနေ သွင်းဂိုးတွေ ကို ရရှိမှာ ဖြစ်ကြောင်း ပြောဆိုရင်း ကာဗာနီ အတွက်လည်း အကောင်းဆုံး ဖြစ်ပါစေ ကြောင်း ဆုတောင်း စကား ပြောဆို ပေးသွားခဲ့ ပါတယ် ။ PSG ဟာ ယနေ့ ည မှာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် မန်ချက် စတာ ယူနိုက်တက် နဲ့ ရင်ဆိုင် ကစား သွားရ မှာပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် နဲ့ PSG တို့ ဟာ လွန် ခဲ့တဲ့ ၂ နှစ် တုန်းက ၁၆ သင်းဆင့် မှာ ဆုံတွေ့ ခဲ့ကြပြီး မန်ချက် စတာ ယူနိုက်တက် က အဝေးဂိုး အသာ နဲ့ အနိုင် ရပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။ ဒီ တစ်ကြိမ် မှာတော့ PSG က အသာရဖို့ အလေး ပေး ခံ ထားရ ပါတယ် ။

myan789

ကာဗာနီ ဟာ PSG ကနေ စာချုပ် ပြည့်ချိန် မှာ ထွက်ခွာ လာပြီး နွေရာသီ အပြောင်း အရွှေ့ ပြီးခါနီးမှာ မန်ချက် စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိ လာခဲ့တာ ပဲဖြစ်ပါတယ် ။ ကာဗာနီ ဟာ ကိုဗစ် စည်းမျဉ်းတွေ ကြောင့် ကွာရင် တိုင်း ဝင်ခဲ့ ရပြီး ယူနိုက်တက် နဲ့ ပွဲထွက် ကစားရခြင်း မရှိသေး ပါဘူး ။

တနင်္လာနေ့ က ကာဗာနီ ဟာ ယူနိုက်တက် နဲ့ ပထမဆုံး လေ့ကျင့်မှု ပြုလုပ် ခဲ့ပေမယ့် PSG နဲ့ ကစားဖို့ အတွက် ပြင်သစ် ကို ထွက်ခွာ သွားတဲ့ လူစာရင်း မှာ ပါဝင် မလာခဲ့ ပါဘူး ။ ကာဗာနီ ဟာ PSG အတွက် ပွဲပေါင်း ၃၀၁ ပွဲ ကစားပေး ခဲ့ပြီး ဂိုးပေါင်း ၂၀၀ သွင်းယူ ပေးခဲ့သူ ဖြစ်ကာ သောမတ်စ် တူချယ် ကလည်း ကာဗာနီ ဟာ ဂိုးသွင်းဖို့ အတွက် မွေးဖွား လာသူ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“သူတို့ ( မန်ချက်စတာ ယူနိုက်တက် ) တကယ့် လူကောင်း တစ်ယောက် ကို ရလိုက် တာပါ ။ ယူနိုက်တက် မှာ ကစား သမား ကောင်းတွေ အများကြီး ရှိပါတယ် ၊ အခု နောက် တစ်ယောက် ထပ်တိုး သွားတာပေါ့ ။ အီဒီ ( ကာဗာနီ ) က ယဉ်ကျေးတယ် ၊ ရိုးသားတယ် ၊ အလုပ် ကိုလည်း ကြိုးစား ပါတယ်”

“ကွင်းထဲ မှာလည်း ပွဲအစ ကနေ အဆုံးအထိ အစွမ်းကုန် အားထုတ် ကစားတဲ့ သူပါ ။ ယူနိုက်တက် အနေနဲ့ သူ့ကို အပြည့်အ၀ ယုံစားလို့ ရပါတယ် ။ သူက ဂိုးသွင်းဖို့ မွေးလာပြီး သွင်းဂိုးတွေ နဲ့ ရှင်သန် နေတဲ့သူပါ ။ ဂိုးတွေ သွင်းရလေ ယုံကြည်မှု တက်လေ ပါပဲ ။ ဘောလုံး ကမ္ဘာရဲ့ အကောင်းဆုံး အထောင် တိုက်စစ်မှူး တွေထဲက တစ်ယောက်လို့ ပြောနိုင် ပါတယ်” လို့ တူချယ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး သောမတ်စ် တူချယ် က သူတို့ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ် တုန်းကလို အဖြစ်မျိုး ထပ် မကြုံရအောင် သေချာ ပြင်ဆင် သွားမှာ ဖြစ်ပြီး အုပ်စု အဆင့် ကို ကျော်ဖြတ် နိုင်အောင် ကြိုးစား သွားမှာ ဖြစ်တယ် လို့ လည်း ပြောဆို သွားခဲ့ ပါတယ် ။ PSG ဟာ မနှစ် က ချန်ပီယံလိဂ် ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့ပြီး ဘိုင်ယန်မြုးနစ် ကို ရှုံးနိမ့်ကာ ဒုတိယဆု နဲ့ ကျေနပ် ခဲ့ရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ကာဗာနီ အပြင် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား ၊ လူငယ် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ် တို့ကိုလည်း ချန်လှပ် ထားခဲ့ ပါတယ် ။ အိမ်ရှင် PSG ဘက် မှာတော့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ပါရီဒက်စ် နဲ့ မာကို ဗာရက်တီ တို့ ဒီပွဲ ကို လွဲချော် ကြမယ် လို့ သောမတ် တူချယ် က အတည်ပြု ပြောဆို ထားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular