spot_img

သူနဲ့အပြိုင် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ကြတဲ့ အသင်းဖော် နှစ်ဦး၊ အလုပ်အရမ်းကြိုးစားတဲ့ အသင်းဖော်အမည်တွေကို ထုတ်ပြောလိုက်တဲ့ ဒင်းန် ဟန်ဒါဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အရန် ဂိုးသမားလေး ဖြစ်တဲ့ ဒင်းန် ဟန်ဒါဆန်က အကယ်ဒမီထွက်တွေဟာ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ကြသူတွေ ဖြစ်ကြောင်း ၊ ယူနိုက်တက်မှာ သူ ၊ ရပ်ရှ်ဖို့ နဲ့ မက် တော်မီနေး တို့ကြား အပေါင်း လက္ခဏာဆောင်တဲ့ ပြိုင်ဆိုင်မှုတွေ အမြဲရှိနေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

2020-21 ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာခဲ့ပြီး ပွဲထွက် ကစားခွင့် စတင်ပိုင်ဆိုင် နိုင်ခဲ့တဲ့ ဒင်းန် ဟန်ဒါဆန် ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေး တစ်ဦး ဖြစ်ပြီး ငယ်စဥ်က ရပ်ရှ်ဖို့ ၊ တော်မီနေး တို့နဲ့ အတူ မန်ချက်စတာမှာ ကြီးပြင်း လာခဲ့သူပဲ ဖြစ်ပါတယ် ။

myan789

သူတို့တွေဟာ ငယ်စဥ် ကတည်းက ပညာ အတူသင်ယူ ၊ လေ့လာ သင်ယူမှုတွေ အတူ လုပ်ဆောင်ခဲ့သူတွေ ဖြစ်ကြပါတယ် ။ ဒါ့ကြောင့် အသင်းဖော် နှစ်ဦး ယူနိုက်တက် စီနီယာ အသင်းဆီ ရောက်လာခဲ့ခြင်းက သူ့ကိုလည်း အလုပ်တွေ ပိုမို ကြိုးစားစေဖို့ လှုံ့ဆော်ပေးခဲ့ကြောင်း ဟန်ဒါဆန် က ဝန်ခံလိုက် ပါတယ် ။

” သူတို့နဲ့ အတူ ကြီးပြင်းလာမှု ၊ အတူ ကျောင်းတတ်ခဲ့မှု ၊ လူငယ် ကြယ်ပွင့် အဖြစ် သူတို့တွေနဲ့ အချိန်တွေ အကြာကြီး အတူရှိခဲ့မှု ၊ အဲ့တာတွေကို အ​ခြေခံလိုက်မယ်ဆိုရင် ရပ်ရှ်ဖို့ ၊ မက်တော်မီနေး တို့နဲ့ အတူ ကစားခွင့် ရရှိနေခြင်းက ကျွန်တော့် အတွက်တော့ ထူးကဲလွန်းလှ ပါတယ် ”

” မားကပ်စ် ယူနိုက််တက်အတွက် ပထမဆုံး ကစားပေးခဲ့စဥ် မစ်ဂျယ်လန်း အသင်းဖက် သွင်းယူခဲ့တဲ့ ပထမဆုံး ဂိုးက ကျွန်တော်တို့ အတွက် စပါယ်ရှယ် အခိုက်အတန့်လေး ဖြစ်ခဲ့ရ ပါတယ် ။ ဒီဂိုးအတွက် လူအုပ်ကြားထဲက ကျွန်တော်လည်း အထူးအောင်ပွဲခံခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်လည်း အတူ ရှိနေချင်ခဲ့ ပါတယ် ”

” အဲ့ဒီလို ဆာလောင်မှုတွေကပဲ ကျွန်တော့်ကိုပါ စီနီယာ အသင်းဆီ ပို့ဆောင်စေခဲ့ပါတယ် ။ ဒါကို ခင်ဗျားတို့ မြင်ကြမှာပါ ။ ကျွန်တော် အချိန်တွေ ပိုပြီး ပိုင်ဆိုင်ချင်မိပါတယ် ။ ဒါတွေက မင်းတို့လည်း လုပ်လို့ရနိုင်တယ်ဆိုတာမျိုး လူငယ်တွေဆီ ကျွန်တော် ပြသချင်ပါတယ် ” လို့ ဖွင့်ဟရင်း တော်မီနေး ကတော့ အလုပ်တွေ အရမ်း ကြိုးစားလွန်းသူ ဖြစ်ကြောင်း ဆက်လက် ပြောပြလိုက် ပါတယ် ။

” စကော်တီ (တော်မီနေး) ဟာ ကျွန်တော် သိသမျှထဲ အကြိုးစားဆုံး ကစားသမား ပါပဲ ။ သူနဲ့ ကျွန်တော်နဲ့ အမြဲလိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်ကြ ပါတယ် ။ အသင်းရဲ့ Gym ခန်းမှာ ဆိုရင် သူနဲ့ ကျွန်တော်ကြား ဘယ်သူက ပိုပြီး ဒိုက်ထိုးနိုင်လဲ ၊ ထိုင်ထ လုပ်နိုင်လဲ ဆိုတာတွေကို အမြဲတမ်းပဲ ပြိုင်ဆိုင်ဖြစ်ကြ ပါတယ် ”

” ဒီလောက် ခရီး အဝေးကြီးကို လာနိုင်ဖို့ အတွက်တော့ အလုပ်တွေ အရမ်းကို ကြိုးစားခဲ့ရ ပါတယ် ။ ဒါပေမယ့် အခုလည်း နေ့စဥ်နေ့တိုင်း အလုပ်တွေ အသည်းအသန် ကြိုးစားနေရဆဲ ပါပဲ ။ ကျွန်တော်တို့ လိုချင်တဲ့ နေရာဆီ ရောက်တော့ မရောက်ကြသေးပါဘူး ။ ဒီအတွက် ပိုပြီး ကြိုးစားရပါဦးမယ် ”

” ကျွန်တော်တို့ အသင်းကြီးဆီ ဆုဖလား အောင်မြင်မှုတွေ တစ်ဖန် ပြန်လည် သယ်ဆောင်လာနိုင်ဖို့ မျှော်လင့် နေကြပါတယ် ” လို့ ဒင်းန် ဟန်ဒါဆန် က သူတို့ ယူနိုက်တက် အသင်းသား အားလုံး ရဲ့ ပန်းတိုင်ကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular