spot_img

သူကိုင်တွယ်သည့်အသင်းများတွင် စပါးကို သံယောဇဉ်အနည်းဆုံးဖြစ်ကြောင်း မော်ရင်ညို ထုတ်ပြော

မော်ရင်ညိုက စပါးအသင်းကို ဝေဖန်လိုက်ပြီး သူကိုင်တွယ်ခဲ့သော အသင်းများအနက် စပါးအသင်းကို သံယောဇဉ်အနည်းဆုံးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ညိုသည် ၂၀၀၀ ခုနှစ်နောက်ပိုင်း ၎င်း၏ မန်နေဂျာဘဝသက်တမ်း တစ်လျှောက်တွင် အသင်းပေါင်း ၁၀ သင်းကိုကိုင်တွယ်ခဲ့ပြိး လက်ရှိအချိန်တွင် ရိုမာအသင်းကို ကိုင်တွယ်နေသည်။ မော်ရင်ညို၏ ရိုမာအသင်းသည် လာမည့်တစ်ပတ်တွင် ယူရိုပါလိဂ် ဗိုလ်လုပွဲကို ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

myan789

မော်ရင်ညို သည် လက်ရှိဘောလုံးရာသီအကုန်တွင် ရိုမာအသင်းကို စွန့်ခွာမည်ဟု သတင်းထွက်နေသည်။ မော်ရင်ညိုက ရိုမာအသင်းကို သူ့အနေဖြင့် ထာဝရ သံယောဇဉ်ရှိနေမည်မှာ သေချာကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “ကျွန်တော်နဲ့ ရိုမာအသင်းကြားက သံယောဇဉ်ကြိုးက အမြဲတမ်းရှိနေမှာပါ”ဟု ထုတ်ဖော်ပြောဆိုလုက်သည်။

သို့ရာတွင် စပါးကိုမူ ရိုမာကဲ့သို့ သံယောဇဉ်မရှိကြောင်း မော်ရင်ညိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ မော်ရင်ညိုသည် ၂၀၂၁ ဧပြီလတွင် စပါးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ အသင်းကို စတင်ကိုင်တွယ်ပြီး ၁၇ လအကြာ လိဂ်ဖလားဗိုလ်လုပွဲကစားရန် ၆ ရက်အလိုတွင် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

“စပါးအသင်းပရိသတ်တွေက အထင်မလွဲဖို့တော့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုင်တွယ်သမျှ အသင်းတွေထဲမှာ သံယောဇဉ်ကြီးကြီးမားမား မရှိတာကတော့ စပါးအသင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် ကိုင်တွယ်တဲ့ အချိန်မှာ ကိုဗစ်ကြောင့် ကွင်းပိတ်ကစားရတာ ပါဝင်နိုင်သလို မစ္စတာ လဗ်ဗီက ကျွန်တော့်ကို လိဂ်ဖလားဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်မပေးခဲ့တာကြောင့်လည်း ပါဝင်နိုင်ပါတယ်”ဟု မော်ရင်ညိုက ထုတ်ဖော်ပြောဆိုလိုက်သည်။  

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular