သီယာဂို ထံမှာ လီဗာပူးတို့ ရနိုင်မှာ မဟုတ်တဲ့ စွမ်းရည်တစ်ခုကို ပြောပြလိုက်တဲ့ ဆစ်လိုဝီ

စပိန်ဘောလုံး ရေးရာ ကျွမ်းကျင်သူ ဆစ်လိုဝီ က ဘိုင်ယန်မြူးနစ် စတား သီယာဂို အယ်ကန်တာရာဟာ လီဗာပူး အသင်းမှာ အထူး အံဝင်မယ့် ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ စပိန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ပီအက်ဂျီကို ဘိုင်ယန်မြူးနစ် တို့ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပြီး ဘွန်ဒက်လီဂါ ကလပ်ကို ၆ ကြိမ်မြောက် ဥရောပ ဖလား ဆွတ်ခူး နိုင်အောင် ကူညီ ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း သီယာဂိုဟာ စိန်ခေါ်မှု အသစ်တွေ ရှာဖွေ သွားလိုတာကြောင့် ဒါဟာ ဘိုင်ယန် အတွက် ၎င်းရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။ သီယာဂိုဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ပြီး Bavaria ကလပ် ဘက်ကလည်း ၎င်းအတွက် ယူရို သန်း ၃၀ ပတ်ဝန်းကျင် အလို ရှိနေပါတယ်။

myan789

လီဗာပူးဟာ သီယာဂိုကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံး အသင်း ဖြစ်ပြီး မကြာသေးမီက ထွက်ပေါ် နေတဲ့ သတင်းများအရ လီဗာပူးနဲ့ သီယာဂို တို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားခဲ့ပြီး ဖြစ်တာကြောင့် ကလပ် ၂ သင်းကြား ပြောင်းရွေ့ကြေး ညှိနှိုင်းဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

စပိန် ဘောလုံးရေးရာ ကျွမ်းကျင်သူ ဆစ်လိုဝီက ”သူဟာ လီဗာပူးမှာ ရှိနေတဲ့ ကွင်းလယ်လူတွေနဲ့ ကစားပုံ ကွဲပြား ခြားနားပါတယ်။ သူ့မှာ မရှိတဲ့ အရာ တစ်ခုကတော့ စွမ်းအင်မြင့် ကစားဟန် နဲ့ high intensity ဖြစ်ပါတယ်။ သူနဲ့ ပက်သက်ပြီး ပြောနိုင်တာ နှစ်ခု ရှိပါတယ်။

ပထမတစ်ခုက သူဟာ အသားကျ လွယ်တဲ့ သူပါ။ သူဟာ မာကျော ကျစ်လစ်မှု ရှိပါတယ်။ ထင်ထားတာထက်ကို မာကျောမှု ရှိတာပါ။ သူဟာ စိတ်ရှင်းရှင်းနဲ့ ကစားတက်သူ ဖြစ်တာကြောင့် သူ့ကစားဟန်ဟာ ဘယ်အသင်းနဲ့ မဆို အံဝင်ခွင်ကျ ဖြစ်မှာပါ။

အမှန်ပါပဲ။ သူဟာ လက်ရှိ လီဗာပူး ကွင်းလယ် ကစားသမားတွေ လိုမျိုး ကွင်းထဲမှာ စွမ်းအင်ပြည့်နဲ့ အပြင်းအထန် အားထုတ် ကစားတဲ့ ဟန်မျိုးတော့ ရှိမနေပါဘူး။ ဒုတိယ အချက်ကတော့ သူဟာ လီဗာပူးမှာ ရှိနေတဲ့ ကွင်းလယ် ကစားသမားတွေနဲ့ ကစားဟန် ကွဲပြား နေတာပါ။

ဒါဟာ ကောင်းပါတယ်။ လီဗာပူး ကလည်း သီယာဂိုဟာ အသင်းမှာ ရှိနေတဲ့ သူတွေနဲ့ ကစားပ ကွဲပြားတယ် ဆိုရင် သိထား ပြီးသားပါ။ ဘာလိူ့လဲဆိုတော့ သူတို့ သီယာဂိုကို စိတ်ဝင်စား နေတာ အချိန် အတိုင်းအတာ တစ်ခုထိ ရှိနေပြီ ဖြစ်လို့ပါ။” လို့ ဆိုသွားပါတယ်။

မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ရွန်းနီ ကလည်း သီယာဂိုကိုသာ လီဗာပူးတို့ ခေါ်ယူ နိုင်ခဲ့ခြင်းဟာ မန်စီးတီးတို့ မက်ဆီကို ခေါ်ယူ နိုင်တာထက် ပိုမို ကောင်းမွန်တဲ့ အပြောင်းအရွေ့လို့ ဆိုသွားပါတယ်။

ရွန်းနီက “ကျွန်တော် ကတော့ လာမည့် ရာသီ ပရီးမီးယားလိဂ် ဖလားကို စီးတီး ဒါမှမဟုတ် လီဗာပူး တစ်သင်းသင်းပဲ ရသွား လိမ့်မယ်လို့ ထင်ပါတယ်။ ချဲလ်ဆီး အသင်းဟာ ဒီနွေရာသီ မှာ ငွေကြေး များစွာ သုံးစွဲကာ ကစားသမားကောင်း အများအပြားကို ခေါ်ယူ နေပါတယ်။

မန်ယူနိုက်တက် တို့ လက်ရှိ ပိုင်ဆိုင် ထားတဲ့ ကစားသမား တွေကလည်း အရမ်းကို ကောင်းမွန်တဲ့ အလားအလာတွေ ရှိနေ ပါတယ်။ ဒါပေမယ့် သူတို့ကလည်း ထိပ်သီး ၂ သင်းကို ပြိုင်ဆိုင် နိုင်ဖို့ အတွက် တစ်နှစ်လောက် လိုနေ သေးတယ်လို့ ကျွန်တော် ထင်နေဆဲပါ။

ကစားသမားသစ် တွေနဲ့ ချဲလ်ဆီး အသင်း ကလည်း အားလုံး အခြေတကျ ဖြစ်ကာ ဖလား စိန်ခေါ် နိုင်ဖို့ အတွက် တစ်နှစ်လောက် လိုအပ် နိုင်ပါတယ်။ ဒ့ါကြောင့် လာမည့် ရာသီ အမှတ်ပေးဖလား အတွက် စီးတီး နဲ့ လီဗာပူး တို့ပဲ အဓိက ပြိုင်ဆိုင် သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ပြီးတော့ အကယ်၍ လီဗာပူးသာ သီယာဂို ကို ဘိုင်ယန်မြူးနစ် အသင်း ထံကနေ ခေါ်ယူ နိုင်ခဲ့မယ် ဆိုရင် ကျွန်တော် ကတော့ အမှတ်ပေးဖလား အတွက် ပွဲပြီး သွားပြီလို့ ထင်ပါတယ်။ သီယာဂိုကို လီဗာပူးတို့ ခေါ်ယူတာဟာ မက်ဆီ မန်စီးတီးကို သွားတာထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား အပြောင်းအရွေ့လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular