spot_img

သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ပရီးမီးယားလိဂ်တွင် ကွင်းအတွင်းကြည့်ရှုသည့် ပရိသတ် ၁၅ သန်းကျော်ဖွယ်ရှိ

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကွင်းအတွင်း လာရောက်ကြည့်ရှုသည့် ပရိသတ်အရေအတွက် ၁၅ သန်းကျော်အထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရာသီပြီးဆုံးရန် ပွဲစဉ်တစ်ခုသာ ကျန်ရှိတော့ပြီး ပွဲစဉ်အားလုံးအပြီးတွင် ပရိသတ်စုစုပေါင်း ၁၅ ဒသမ ၀၃ သန်းရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ယင်းပမာဏမှာ COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၈- ၂၀၁၉ ရာသီက ကွင်းအတွင်းကြည့်ရှုခဲ့သည့် ၁၄ ဒသမ ၆၂ သန်းထက် ပိုများသလို ပရီးမီးယားလိဂ်အမည်ဖြင့် ကျင်းပခဲ့သည့် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ၁၅ သန်း အထက် ရောက်ရှိခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

myan789

ယခုရာသီတွင် ရောဂါကြောင့် ကွင်းပိတ်ကစားရခြင်းမရှိ သော်လည်း ချယ်လ်ဆီးအသင်းမှာမူ ဗြိတိန်အစိုးရက အသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်အား အရေးယူပိတ်ဆို့သည့် ပြစ်ဒဏ်ကြောင့် မတ်လကတည်းက အိမ်ကွင်းပွဲစဉ်များအတွက် တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူများမှလွဲ၍ တစ်ပွဲချင်းလက်မှတ် ရောင်းချရခြင်းမရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပရိသတ်ကြည့်ရှုမှုအရေအတွက်ကို Two Circles အား ကစားအရောင်းမြှင့်တင်ရေးအေဂျင်စီက လေ့လာထုတ်ပြန်ထားခြင်းဖြစ်ပြီး အသင်းများအနေဖြင့် အိမ်ကွင်းတစ်ပွဲလျှင် ပျမ်းမျှဝင်ငွေ ပေါင် ၂ ဒသမ ၂ သန်းရရှိပြီး တစ်ရာသီလုံး လက်မှတ်ရောင်းချရမှု ဝင်ငွေစုစုပေါင်း ပေါင် ၈၂၁ ဒသမ ၆ သန်းရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular