spot_img

သတင်းစာရှင်းလင်းပွဲတွင် မျက်ရည်များဖြင့် မက်ဆီနှုတ်ဆက်ခဲ့ပြီး မိမိတို့တစ်မိသားစုလုံး ဘာစီလိုနာတွင်သာ နေချင်ခဲ့ဟု ပြောကြား

ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည့် အသင်းခေါင်းဆောင်မက်ဆီသည် ၎င်း၏ဘာစီလိုနာကစားသမားဘဝ နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် မျက်ရည်များဖြင့်နှုတ်ဆက်ခဲ့ပြီး အသင်းနှင့်လမ်းခွဲရသည့်အကြောင်းအရင်းများအပါအဝင် နှုတ်ဆက်စကားများကို ဖွင့်ဟပြောကြားခဲ့သည်။

မက်ဆီ၏ သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် သြဂုတ် (၈)ရက်၊ မြန်မာစံတော်ချိန်ညနေ (၄း၃၀)နာရီတွင် ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်း၌ပြုလုပ်ခဲ့ပြီး မက်ဆီ၏ မိသားစုအပါအဝင်၊ အသင်းတာဝန်ရှိသူများ၊ အသင်းဖော်ကစားသမားများ တက်ရောက်ခဲ့ကြသည်။

myan789

ထို့ပြင် ထောင်ပေါင်းများစွာသော ပရိသတ်များမှာလည်း သတင်းစာရှင်းလင်းပွဲမစမီကပင် နူးကမ့်ကွင်းအနီးတွင် ရောက်ရှိနေပြီး မက်ဆီ၏သတင်းစာရှင်းလင်းပွဲအား စောင့်ဆိုင်းခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် မက်ဆီက မိမိအနေဖြင့် အသင်းမှထွက်ခွာရမည့်အတွက် နာကျင်ခံစားမိကြောင်း၊ မိမိတို့မိသားစုမှာ ဘာစီလိုနာတွင်သာ ဆက်ရှိရန်ဆန္ဒရှိခဲ့ကြောင်း၊ မိမိအနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း မိမိ၏နေအိမ်ဖြစ်သော ဘာစီလိုနာသို့ ပြန်လာမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

မက်ဆီက ”ကျွန်တော် ဒီနေရာ(ဘာစီလိုနာ)ကို (၁၃)နှစ်အရွယ်ကတည်းက ရောက်လာခဲ့ပြီး (၂၁)နှစ်အကြာမှာတော့ ကျွန်တော့်ဇနီး၊ ကလေးငယ် (၃)ဦးနဲ့အတူ ထွက်ခွာရပါတော့မယ်။ ကျွန်တော့်တို့မိသားစုဟာ ဘာစီလိုနာမှာပဲ ဆက်ရှိဖို့ ဆန္ဒရှိခဲ့တာပါ။ ဒီနေရာဟာ ကျွန်တော့်ရဲ့အိမ်ဖြစ်သလို၊ ကျွန်တော့်မိသားစုအိမ်လည်း ဖြစ်ပါတယ်။ ဘာစီလိုနာမှာဆက်နေဖို့က ကျွန်တော့်ရဲ့အစီအစဉ်ပါပဲ။ ဒီအသင်းအပေါ် ကျွန်တော့်အနေနဲ့ လေးစားမှုအများကြီး ရှိပြီး ဒီနေရာမှာ ကောင်းသောအမှတ်တရများစွာပိုင်ဆိုင် ခဲ့သလို ခက်ခဲတဲ့အခိုက်အတန့်တွေလည်း ကြုံခဲ့ရပါတယ်။ ဒီနေ့လိုမျိုးကျွန်တော်ဖြစ်လာဖို့အတွက် ဒီအသင်းက အ များကြီးမြေတောင်မြှောက်ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာ တော့ အသင်းနဲ့သက်ဆိုင်သမျှအရာအားလုံးကို နှုတ်ဆက်ပါတယ်လို့ ပြောပါရစေ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီက မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင်ဆက်ရှိနိုင်ရန်အတွက် လစာထက်ဝက်လျှော့ယူရန်အထိ စီစဉ်ခဲ့ကြောင်း၊ အသင်းတွင်ဆက်ရှိနိုင်ရန်အတွက် အရာအားလုံးကိုလုပ်ဆောင်ခဲ့ကြောင်း၊ အသင်းနှင့်မိမိအကြား သဘောတူညီမှုများရှိခဲ့ပြီး လာလီဂါစည်းမျဉ်းများကြောင့်သာ ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက်ဆီ၏ သတင်းစာရှင်းလင်းပွဲမတိုင်မီကတည်း က ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက မက်ဆီအား စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ခြင်းမှာ လာလီဂါ၏လစာငွေကန့်သတ်စည်းမျဉ်းများကြောင့်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular