နော်တင်ဟမ်ဖောရက်စ်အသင်း၏နည်းပြ စတိဗ်ကူးပါးသည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဖြစ်ကြောင်း သိရသည်။
နော်တင်ဟမ်ဖောရက်စ်အသင်း သည် ကြားရက်တွင် ဖူလ်ဟမ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် စတိဗ်ကူးပါး၏ နည်းပြထိုင်ခုံမှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။
ထို့ကြောင့် ဝုလ်ဗ်အသင်းနှင့် ကစားရမည့် လာမည့်ပွဲစဉ်မှာ ၎င်း၏အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာမည်ဟု ထင်ကြေးပေးခံနေရသည်။
စတိဗ်ကူးပါးသည် ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။