ဘာစီလိုနာအသင်းသည် ဥက္ကဋ္ဌ သစ်ဘာတိုမူလက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်း၏ နယ်သာလန်ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းအားခေါ်ယူရန် သဘော တူညီမှုရခဲ့ပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ၀ိုင်နယ်လ်ဒမ်းသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘာစီလိုနာသို့ပြောင်းရွှေ့ရန် အစောပိုင်းကတည်းက သတင်းများထွက်ပေါ်နေသူဖြစ်သည်။
Sunday Times သတင်းစာ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်း အနေဖြင့် ၀ိုင်နယ်လ်ဒမ်းအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် အကြိုသဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။