spot_img

လူကာကူ ရဲ့ အမေ ကို စုန်းမ လို့ ပြောဆိုခဲ့သလား . . . ဇလာတန် ?

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ၂ ယောက် ကတော့ မနေ့ ညက မီလန် ဒါဘီ မှာ တစ်ဖက် နဲ့ တစ်ဖက် အပြိုင် ဂိုးတွေ သွင်းခဲ့ ကြသလို စကားလုံး တိုက်ပွဲတွေလည်း ပြင်းထန် ခဲ့ကြ ပါတယ် ။ မန်ယူနိုက်တက် မှာ ကတည်းက အဖု အထစ် လေးတွေ ရှိခဲ့ ကြဟန်တူတဲ့ ဇလာတန် အီဘရာ ဟီမိုဗစ် နဲ့ ရိုမီရို လူကာကူ တို့ ဟာ အေစီမီလန် နဲ့ အင်တာ မီလန် တို့ ကစား ခဲ့ကြတဲ့ ကိုပါ အီတလီယာ ကွာတား ဖိုင်နယ်ည ရဲ့ စိတ်ဝင်စား စရာ ကောင်းတဲ့ အချင်းများပွဲက ဇာတ်လိုက်ကျော်တွေ ဖြစ် လာခဲ့ကြ ပါတယ် ။

အင်တာမီလန် က ၂ – ၁ နဲ့ အနိုင် ရခဲ့တဲ့ ဒီပွဲမှာ လူကာကူ ရော ဇလာတန် ပါ ၁ ဂိုးစီ သွင်းပေး ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဒါက အဓိက အကြောင်း မဟုတ်ခဲ့ ပါဘူး ။ ပထမပိုင်း အတွင်း သူတို့ ၂ ယောက် ခေါင်းချင်း ဆိုင် စကားများ ကြတဲ့ အချိန်မှာ တစ်ဦးကို တစ်ဦး အပြန် အလှန် ဆဲဆို ခဲ့တာတွေ က ပရိသတ်တွေ ကို ပိုမို စိတ်ဝင် စားစေ ခဲ့ တာပါ ။

myan789

ပွဲပြီးပြီး ချင်းမှာ လူကာကူ က ဇလာတန် ကို ‘မင်းရော မင်းမိန်းမရော -ီးပဲ’ ‘မင်း ငါ့အမေ အကြောင်း ပြောချင်တာလား’ လို့ ဆဲရေး တိုင်းထွာ ခဲ့ကြောင်း သတင်းတွေ တက်လာခဲ့ ပေမယ့် ဇလာတန် နဲ့ ပတ်သက်တဲ့ သတင်းတွေ ကတော့ ငြိမ်သက် ခဲ့ပါတယ် ။ ဒါပေမယ့် မျက်စိလျှင်တဲ့ သတင်းထောက်တွေ ရဲ့ ဖော်ပြချက်တွေ ထွက်ပေါ် လာချိန် မှာတော့ ဇလာတန် ပြောတဲ့ စကားလုံး တွေဟာ သတင်း စာမျက်နှာတွေ ပေါ်ကို ရောက်ရှိလို့ လာခဲ့ ပါတယ် ။

ဇလာတန် အီဘရာဟီမိုဗစ် ဟာ ၂ ဘက် အသင်းသားတွေ က သူတို့ ၂ ယောက်ကို လူစုခွဲ လိုက်ချိန်မှာ လူကာကူ ကို ‘မင်းရဲ့ ေ-ာက်စုန်းမဆီ သွားငိုလိုက်’ ဆိုတဲ့ စကားတွေ ကို ပြောဆိုခဲ့ ကြောင်း သတင်းတွေ မှာဖော်ပြ လာခဲ့ ပါတယ် ။ ဇလာတန် ဟာ ဒီစကား ကို ၂ ကြိမ်ထက် မနည်း ပြောခဲ့ပြီး အီတလီ ဘောလုံး အဖွဲ့ချုပ် ဟာ သူတို့ ၂ ဦး ရဲ့ အဖြစ်ကို ပြန်လည် သုံးသပ်သွားဖို့ ရှိနေပြီး ထပ်တိုး အပြစ်ဒဏ်တွေ ချမှတ် သွားနိုင်ချေ လည်းရှိတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဇလာတန် ဟာ လူကာကူ ရဲ့ အဲဗာတန် အသင်းက အကြောင်းတွေ ကို မန်ချက်စတာ ယူနိုက်တက် မှာ ကစားစဉ် က သိကြားခဲ့ ပုံရပြီး မှော် ၊ ကေ၀ ၊ စုန်း နဲ့ ပတ်သက်တဲ့ ဘယ်လ်ဂျီယံ သားရဲ့ အကြောင်း ကို ပြောဆို လှောင်ပြောင် သွားခဲ့ပုံ ရတယ်လို့ သတင်းတွေ က ဖော်ပြ ခဲ့ ပါတယ် ။

အဲဗာတန် အသင်း ရဲ့ အဓိက ရှယ်ယာ ပိုင်ရှင် မိုရှီရီ က သူတို့ဟာ လူကာကူ ကို ဆက်ထိန်း ထားဖို့ အလွန် မြင့်မားတဲ့ လုပ်ခ လစာနဲ့ ကမ်းလှမ်း ခဲ့ပေမယ့် စုန်း ၊ ကေ၀ ဆန်တဲ့ စာသား တစ်ခုကြောင့် လူကာကူ ဟာ အဲဗာတန် မှာ ဆက်နေဖို့ ငြင်းဆန် ခဲ့တယ်လို့ ဖွင့်ဟ ပြောဆို ခဲ့ဖူး ပါတယ် ။

ဒါပေမယ့် သုံးသပ်သူတွေ ကတော့ လူကာကူ ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ အေးဂျင့်နဲ့ သဘောတူထား ပြီ ဖြစ်သလို အပြောင်းအရွှေ့ တွေကို စီမံကိုင်တွယ် နေတဲ့ မိခင် က ဆုံးဖြတ်ပြီးသား ဖြစ်နေတာကြောင့် အဲဗာတန် ရဲ့ ကမ်းလှမ်းမှု မှန်သမျှ ကို အကြောင်းပြချက် မျိုးစုံ နဲ့ ငြင်းဆန် ခဲ့တာ ဖြစ်ကြောင်း ရေးသား ဖော်ပြ ခဲ့ဖူး ပါတယ် ။

ဒီအကြောင်းတွေ ကို ဇလာတန် က အချင်းများချိန် မှာ ပြန်ပြီး ထေ့ခဲ့ ရိခဲ့ပုံ ပါပဲ ။ ဘာပဲ ဖြစ်ဖြစ် ဒီအဖြစ် အပျက် ဟာ ဘောလုံး အဖွဲ့ချုပ် အတွက် အလုပ်များ စရာ ကိစ္စ ဖြစ်လာ နိုင်ပါတယ် ။ မီလန် ၂ သင်းကို ချစ်တဲ့ ပရိသတ်တွေ ကတော့ သူတို့ရဲ့ မီလန် ဒါဘီ ဟာ အရင်တုန်းကလို ပြန်ပြီး အားကောင်း လာတာကို နှစ်သက် သဘောကျကောင်း ကျနေ ကြမှာပါ . . . . . ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular