spot_img

လူကာကူကို ထုတ်ရောင်းပြီး ပရီးမီးယားလိဂ် တိုက်စစ်မှူး တဦးနဲ့ အစားထိုးဖို့ ချဲလ်ဆီးထံ တိုက်တွန်းသွားတဲ့ ဖရန့်လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ မကြာသေးခင်ကမှ အာဂျင်တီးနားလူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ၂နှစ် စာချုပ်နဲ့ တရားဝင် တာဝန်ပေးအပ်လိုက်ပြီးနောက် ၊ ၄င်း တောင်းဆိုထားတဲ့ နေရာ အချို့မှာ အင်အားဖြည့်တင်းပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ် ။

စပို့တင်းလစ္စဘွန်းမှ ဥရုဂွေး ကြယ်ပွင့် ကွင်းလယ်လူ မန်နူရယ် အူဂါတေးကို ခေါ်ဖို့ လက်တကမ်း အလိုကို ရောက်လာပြီးနောက် ချဲလ်ဆီးဟာ တိုက်စစ်မှူး တဦးနဲ့ ဂိုးသမား တဦး ထပ်ဖြည့်နိုင်ခြေ ရှိတယ်လို့ မျှော်မှန်းရပါတယ် ။ လက်ရှိ စျေးကွက် အတွင်း ချဲလ်ဆီးတို့ ခေါ်ယူနိုင်တဲ့ ထိပ်တန်းတိုက်စစ်မှူး များများစားစား ရှိမနေပါဘူး ။

myan789

ချဲလ်ဆီး ဂန္တဝင် နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်က မကြာသေးခင်ကမှ ပြီးဆုံးခဲ့တဲ့ ရာသီမှာ လန်ဒန်မြို့ခံပြိုင်ဖက် ဖူလ်ဟမ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ဂိုး အထိ ရခဲ့တဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး အလက်ဇန်ဒါ မီထရိုဗစ်ကို ခေါ်ယူသင့်ကြောင်း အသင်းဟောင်းထံ တိုက်တွန်းသွားပါတယ် ။

လီဘို့ဖ် က ” ကျွန်တော်တို့ တိုက်စစ်မှူး တဦး ဖြည့်ဖို့ လိုပါတယ် ။ ဖူလ်ဟမ်က အလက်ဇန်ဒါ မီထရိုဗစ်လို တိုက်စစ်မှူးမျိုး ကျွန်တော်တို့ လိုပြီး ၊ သူသာ ချဲလ်ဆီးမှာဆို အလုပ်ဖြစ်နိုင်ပါတယ် ။ မီထရိုဗစ်ဟာ တကယ် စိတ်ဓာတ်ပြည့်တဲ့ ကစားသမား တဦး ဖြစ်သလို ၊ သူဟာ အဝတ်လဲခန်းကို တက်ကြွလှုပ်ရှားစေပါလိမ့်မယ် ။ ”

” မီထရိုဗစ်ဟာ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျနဲ့ ပုံစံချင်း ဆင်တူတယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ winner တဦးရဲ့ စိတ်ဓာတ်ခံယူချက်မျိုး ပိုင်ဆိုင်ထားပါတယ် ။ ကျွန်တော်ဟာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်တဲ့ ကစားသမားတွေကို ကြိုက်ပါတယ် ။ သူတို့လို ကစားသမားတွေဟာ ဘယ်တော့မှ မျက်တောင်မခတ်ပါဘူး ။ ”

” သူတို့ဟာ ဘယ်တော့မှ အလျှော့မပေးပါဘူး ။ သူတို့ဟာ အမြဲတမ်း စိန်ခေါ်မှု အတွက် အသင့်ဖြစ်နေကြပါတယ် ။ ဒါကို ကျွန်တော် ကြိုက်ပါတယ် ။ သူဟာ ဖူလ်ဟမ် အတွက် အမှန်တကယ် ခြေစွမ်းပြထားပါတယ် ။ ချဲလ်ဆီးကို ပြောင်းလာမယ်ဆိုရင် သူ့အတွက် အဝေးကြီး ရွှေ့နေစရာ မလိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လီဘို့ဖ် က ခြင်္သေ့ပြာတို့ရဲ့ အရောင်းစာရင်းမှာ ပါဝင်နေတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူနဲ့ ပတ်သက်ပြီး ” ချဲလ်ဆီးမှာဆို အောင်မြင်မှာ မဟုတ်ဘူး ဆိုတာ သူသိပါတယ် ။ ဒီတော့ ဒီကို ပြန်လာမှာ မဟုတ်ဘူးလို့ သူ အစောကတည်းက ပြောခဲ့တာပါ ။ သူ ဆုံးဖြတ်ချက် ချထားပြီးပြီလို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဒီတော့ သူ ဒီကို ပြန်မလာသင့်ပါဘူး ။ ကလပ် တသင်း အတွက် ခင်ဗျား ဆက်မကစားပေးချင်တော့ဘူးဆိုရင် ကစားမနေပါနဲ့ ။ ကလပ်ဖက်ကလည်း သူ့ကို ရှင်းထုတ်နိုင်ဖို့ အရာရာ ကြိုးပမ်းသွားမှာပါ ။ သူ့ကို ကြေးကြီးပေး ခေါ်ခဲ့ရတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် သူမှ ဒီမှာ မကစားချင်တဲ့အတွက် သူ့ကို ရှင်းထုတ်လိုက်ပါ ။ ”

” ပရိသတ်တွေက သူ့ကို ညှာမှာတော့ မဟုတ်ပါဘူး ။ သူသာ နောက်ရာသီ ဒီကို ပြန်လာပြီး ကစားပုံ ညံ့ဖျင်းတာနဲ့ သူ့ကို boo လုပ်ကြပါလိမ့်မယ် ။ အဲဒီမှာ ဒရာမာ ကြီးကြီးမားမား ဖြစ်လာပါမယ် ။ ဒါဆို သူ့ကို ပြန်ခေါ်တာ ဘာအလုပ်လဲ ? လက်ဆွဲနှုတ်ဆက်ဖို့လောက်ပဲ ဖြစ်နိုင်ပါတော့မယ် ။ ”

” ကျွန်တော် သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ။ ကျွန်တော် လူကာကူကို ကြိုက်ပါတယ် ။ အနာဂတ်မှာ သူ အောင်မြင်ဖို့ ၊ အင်တာမှာ ပျော်ရွှင်မှု ရှာတွေ့နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါမှ ကျွန်တော်တို့ နောက်ထပ် တိုက်စစ်မှူးသစ် တဦး ခေါ်ဖြည့်နိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular