အာဆင်နယ်ကစားသမားဟောင်းဆိုးလ်ကမ်းဘဲလ်ကဗာဂျယ်ဗန်ဒိုက်ဟာကိုယ့်ရဲ့အရည်အသွေး အပေါ် ကျေနပ်ရောင့်ရဲ နေတဲ့သူ ဖြစ်လာ နေပြီလို့ ဆိုလိုက်ပြီး လီဗာပူး နောက်ခံလူ အနေနဲ့ သူတို့ ခေတ်မှာ ဒီလောက် ကောင်းနိုင်ပမလား ဆိုပြီး မေးခွန်းလည်း ထုတ်သွား ခဲ့ပါတယ်။
ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလက လီဗာပူးကို ရောက်ရှိ လာခဲ့ပြီးနောက် ကာလရှည် ပြသနာရှိနေတဲ့အန်ဖီးကလပ်ရဲ့ခံစစ်ပိုင်းကို၊ပရီးမီးယားလိဂ်ဖလား၊စူပါဖလားနဲ့ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့ရမှာ အဓိက ကဏ္ဍကနေ ပါဝင် ပေးခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ဗန်ဒိုက်နဲ့လီဗာပူးခံစစ်ကြောင်းဟာအမှားအယွင်းတွေများလာခဲ့ကာဒီရာသီမှာလည်းဗန်ဒိုက်ဟာ လိဒ်နဲ့ ပွဲစဉ်မှာ အမှားအယွင်း တစ်ခု ကျူးလွန် ခဲ့သလို ဗီလာကို ၇ ဂိုးပေးခဲ့ရတဲ့ပွဲစဉ်မှာလည်း လီဗာပူးရဲ့ back four မှာ ပါဝင် ကစားခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၉ နှစ် အရွယ် ကစားသမားရဲ့ ပြေးအား ၊ အမြင့်ဘောတွေလွှမ်းမိုးနိုင်မှု၊နေရာယူမှုတွေ တိကျသေချာမှုကြောင့် နောက်တန်းမှာ အသဲအသန် ဖျက်ထုတ်ရတာ ခပ်ရှားရှား ဖြစ်ပေမယ့် အာဆင်နယ် နောက်ခံလူဟောင်း ကမ်းဘဲလ် ကတော့ ဒါနဲ့ အမြင်ကွဲပြား နေခဲ့ပြီးသူတို့ခေတ်မှာ ဆိုရင် ဗန်ဒိုက်ရဲ့ ကစားဟန်ဟာ အောင်မြင်မှု ရှိနိုင်ပမလား ဆိုပြီး မေးခွန်း ထုတ်ခဲ့ ပါတယ်။
အာဆင်နယ် ဗဟို နောက်ခံလူဟောင်းက“ဗီလာနဲ့ပွဲစဉ်မှာဗန်ဒိုက်ရုန်းကန်ခဲ့ရတာကိုကျွန်တော် သိပါတယ်။ ဒါပေမယ့် သူဟာ ဒီနေ့ခေတ်မှာ ထူးချွန်တဲ့ ဗဟို နောက်ခံလူ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့သူဟာအခြားပြိုင်ဘက်တွေထက်ခေါင်းတစ်လုံးသာနေလို့ပါ။တစ်ချိန်တည်းမှာပဲ ဒါဟာ သူ့ရဲ့ တိုးတက်မှု အပေါ် အဟန့်အတား ဖြစ်စေသလား ဆိုပြီး ကျွန်တော် တွေးမိ နေပါတယ်။
သူဟာ ဗဟိုခံစစ်မှာ လုံး၀ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ပြီး သူဟာ ဒီနေရာမှာလွယ်လွယ်လေး ကစား နေသလို လုပ်ပြ ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ကစားသမားတွေ သူ့ကို လုံလောက်တဲ့ challengeမလုပ်လို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အကယ်၍ပြိုင်ဘက်တိုက်စစ်ကစားသမားတွေဟာ ကိုယ့်ကို စိတ်ပူရလောက်အောင် ဒုက္ခမပေးနိုင်ဘူး ဆိုရင် တစ်ခါတစ်ရံ ကိုယ့်ရဲ့ ကစားအားကို အနည်းငယ်လောက် ချလေ့ ရှိပါတယ်။ ဒါဟာ လူသားတွေရဲ့ သဘာ၀ ပါပဲ။
ယေဘူယျအားဖြင့် ဒါဟာ လီဗာပူးကို အနည်းငယ် လျော့တိလျော့ရဲ ဖြစ်သွား စေခဲ့ပါတယ်။ ယာဂန်ကလော့ ကလည်း ဒါကိုသဘောပေါက်ကာသူ့ကိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် လုပ်ပေး လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
ဗန်ဒိုက် အနေနဲ့ ကျွန်တော် ၊ ဂျွန်တယ်ရီ ၊တိုမီအဒမ်၊မာတင်ကီအွန်၊ဂျေမီကာရေဂါ၊ကိုလိုတိုရေး ၊ ယပ်စတမ်း အစရှိတဲ့ ကြီးကြယ်တဲ့ဗဟိုခံစစ်ကစားသမားတွေအများအပြားရှိခဲ့တဲ့ကျွန်တော်တို့ ခေတ်မှာ ဒီလို ချွန်ထွက် နေနိုင်မလား ဆိုတာ ကတော့ စိတ်ဝင်စား စရာပါပဲ။
ရော်ဘီဖောင်လာ ၊ အန်ဒီကိုး ၊ ဒွိုက်ယော့ ၊ အလန်ရှီးယားရား၊မိုက်ကယ်အိုဝင်၊ဒန်ကန်ဖာဂူဆန် တို့လို ကျွန်တော်တို့ထံ ပုံစံ မျိုးစုံနဲ့ ထိုးနှက်ဖို့ ကြိုးစားမယ့်ဒီလိုထိပ်တန်းတိုက်စစ်မှုးတွေနဲ့ကော ဗန်ဒိုက် ဘယ်လို ရင်ဆိုင် ဖြေရှင်း သွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါတောင်မှ set-pieces တွေမှာ ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ နောက်ခံလူတွေ ဖြစ်တဲ့ မက်အယ်လီယော့ ၊ စတီဗီဝက်ရှ် ၊ ဂယ်ရီတားဂတ် စတဲ့ သူတွေကို မပြောရသေးပါဘူး။
သူတို့တွေနဲ့ ရင်ဆိုင် ရမှာ အလုပ်ကို အပြတ်ဖြတ်ရပါတယ်။ သူတို့ကို အသာစီး ရယူရပါတယ်။ လေထဲမှာ ရဲရင့်ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက်က ကြောက်နေမယ် ဆိုရင် သူတို့က ကိုယ့်ကို ထိုးနှက် သွားမှာပါ။
သူတို့ဟာ မြန်တယ် ၊ သန်တယ် ၊ အရပ်ရှည်ပြီး ၊ အရည်အသွေး ပြည့်၀ ကြပါတယ်။ ရက်သတ္တပတ်တိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အဲဒီခေတ်မှာလည်း ဗန်ဒိုက် အိုကေ လိမ့်မယ်လို့ ကျွန်တော် ထောက်ခံ ပါတယ်။ သူဒါတွေကို ဖြေရှင်း နိုင်မှာပါ။ ဒါပေမယ့် ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းနေမှာပါ။ သေချာတာ ကတော့ သူ အခုထက် ဖိအားပိုမို ကြုံတွေ့ ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။