လီဗာပူးလ်၊ အေဂျက်စ်တို့နှင့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဆုံတွေ့နေသဖြင့် အတ္တလန်တာအသင်း ဥက္ကဋ္ဌ စိတ်လှုပ်ရှား

အတ္တလန်တာအသင်းဥက္ကဋ္ဌ အန်တိုနီယို ပါကက်ဆီက ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် လီ ဗာပူးလ်၊ အေဂျက်စ်တို့နှင့် ဆုံတွေ့နေသဖြင့် အိပ် မပျော်နိုင်အောင်စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟခဲ့ သည်။ အတ္တလန်တာအသင်းသည် ပြီးခဲ့သည့်ရာ သီတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်ရောက် နိုင်ခဲ့ပြီး လက်ရှိရာသီစီးရီးအေပြိုင်ပွဲ$လည်း ပုံစံ ကောင်းပြသနေသဖြင့် မထင်မှတ်သည့်အရာများ ထပ်မံပြုလုပ်ပြဦးမည်ဟု ခန့်မှန်းနေကြသည်။ အ တ္တလန်တာအသင်းသည် ချန်ပီယံလိဂ်အုပ်စု (D) တွင် လီဗာပူးလ်၊ အေဂျက်စ်၊ မစ်ဂျေးလန်းအသင်း များနှင့်အတူကျရောက်နေခြင်းဖြစ်သည်။

အန်တိုနီယိုပါကက်ဆီက ”စိတ်လှုပ်ရှားစရာ ပြိုင်ပွဲတစ်ခုပါပဲ။ မနှစ်တုန်းကလည်း ကျွန်တော်တို့ ထိပ်တန်းအဆင့်ပုံစံမျိုး ပြသနိုင်ခဲ့တယ်မဟုတ်လား။ ချန်ပီယံလိဂ်ကို ဒုတိယအကြိမ် ကစားခွင့်ရ လို့ ဂုဏ်ယူရတယ်။ ပြီးတော့ နောက်ထပ်ပုံစံကောင်း ပြသနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ကျွန် တော်တို့အသင်း ရင်ဆိုင်ရမယ့်အုပ်စုတွင်း ပြိုင် ဘက်တွေနဲ့ပတ်သက်ပြီးတော့လည်း စိတ်လှုပ်ရှား နေမိတယ်။ ကျွန်တော့်ကို အိပ်ပျက်ညတွေ ဖြစ်စေ မယ့် ရင်ခုန်စရာအုပ် စုအတွင်းပြိုင်ဘက်တွေပါပဲ။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ အေဂျက်စ်က သမိုင်းကြောင်းကောင်းမွန် တဲ့ အသင်းတွေပါ။ အဲဒီလိုအသင်းတွေကို ဘာဂါမို မှာ ဧည့်ခံရတာ ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းလဲ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် အန်တိုနီ ယိုပါကက်ဆီက ချန်ပီယံလိဂ်ပွဲစဉ်များတွင် ပရိ သတ်များကွင်းအတွင်း ဝင် ရောက်ကြည့်ရှုခွင့်ရရှိ ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

myan789

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်သည် လာမည့် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များမှ စတင် ၍ ကွင်း အတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်ထားသည်။ အိမ်ရှင်အသင်းများ၏ ကွင်းမှ ပရိ သတ်ဝင်ရောက်ကြည့်ရှုနိုင်မှုပမာဏ (၃၀) ရာခိုင် နှုန်း ကြည့်ရှုခွင့်ပေးရန် စီစဉ်နေခြင်းလည်းဖြစ် သည်။ ပြီးခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ဆီဗီလာအ သင်းတို့၏ ဥရောပစူပါဖလားပွဲစဉ်တွင် ပရိသတ် (၁၅၀၀၀) ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရရှိ ခဲ့ကြောင်း သိရသည်။

အန်တိုနီယိုပါကက်ဆီက ”သိပ်ပြီးကြည့် ကောင်းမယ့်ပွဲစဉ်တွေမှာ ပရိသတ်တွေ အားပေး ခွင့်ရမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ချန်ပီယံလိဂ်ဆိုတာ ဘောလုံးလောကရဲ့ ထိပ်ဆုံး အဆင့်ပါပဲ” ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular