spot_img

လီဗာပူးလ်အသင်း ခြေစွမ်းတိုးတက်ရန်လိုအပ်ကြောင်း ကလော့ပ် ဝန်ခံ

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းတွင် နေလိုပါက ခြေစွမ်းတိုးတက်ရန် လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးတွင် ရမှတ်(၂၂)မှတ်ဖြင့် အဆင့်(၄)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးအသင်း(၂၆ မှတ်)နှင့် (၄)မှတ် ကွာဟနေသည်။

myan789

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)တွင် ဝက်စ်ဟမ်းအသင်းကို (၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ ယခုရာသီ ပြိုင်ပွဲစုံတွင် ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယာဂန်ကလော့ပ်က လီဗာပူးလ်အနေဖြင့် ခြေစွမ်းတိုးတက်ရန် လိုအပ်နေသေးကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

ယာဂန်ကလော့ပ်က “ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ပိုင်းမှာ နေဖို့ဆိုရင် ရလဒ်ကောင်းဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကျွန်တော်တို့အနေနဲ့ ရလဒ်ကောင်းတွေ မရခဲ့ပါဘူး။ ဝက်စ်ဟမ်းအသင်းကို ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဒါပေမဲ့ သရေကျခဲ့တယ်ဆိုရင်တောင် ဘာမှမထူးပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ခြေစွမ်းတိုးတက်ဖို့ လိုအပ်နေသေးပြီး အာဆင်နယ်ပွဲနဲ့ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ အာဆင်နယ်အသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး အန်ဖီးလ်မှာ ကျွန်တော်တို့ကလည်း အသင်းကောင်းတစ်သင်းဖြစ်ကြောင်း ပြသရမှာပါ”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အဖြစ် ယနေ့(နိုဝင်ဘာ ၂၀ ရက်)တွင် အာဆင်နယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်၌ လက်ခံကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular