spot_img

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန် ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရာသီမကုန်ခင် ပြန်ကစားနိုင်ရန် ယာဂန်ကလော့ပ် မျှော်လင့်ထား

လီဗာပူးလ်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဟန်ဒါဆန်သည် ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရှစ်ပတ်မှ ၁၀ ပတ် ဝန်းကျင်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ ဟန်ဒါဆန် (၃၀ နှစ်) သည် ပြီးခဲ့သည့်တစ်ပတ် စနေနေ့က မာဆေးဆိုက်ဒ်ဒါဘီပြိုင်ဘက် အဲဗာတန်အသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ဒဏ်ရာကို တနင်္လာနေ့က Scan စစ်ဆေးရာ ခွဲစိတ်ကုသရန် လိုအပ်သဖြင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

myan789

လီဗာပူးလ်အသင်းက ၎င်းအနားယူရမည့် ကာလကို အတိအကျထုတ်ပြန်ခြင်းမရှိသော်လည်း အနည်းဆုံး မတ်လနိုင်ငံတကာရက်သတ္တပတ်ပြီးဆုံးချိန်အထိ ကစားနိုင်မည် မဟုတ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ “သူပြန်ကစားနိုင်မယ့်အချိန်ကို တိတိကျကျ သတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ အသက် ၃၀ အရွယ် ကစားသမားအနေနဲ့ ကနဦးအဖြစ် မတ်လ နိုင်ငံတကာရက်သတ္တပတ်ပြီးဆုံးချိန်အထိ ကစားနိုင်မှာ မဟုတ်ပါဘူး” ဟု လီဗာပူးလ်အသင်း ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ဟန်ဒါဆန်အနေဖြင့် ယနေ့ ကစားမည့် ရှက်ဖီးယူနိုက်တက် နှင့်ပွဲအပါအဝင် ချယ်လ်ဆီး (မတ် ၄ ရက်)၊ ဖူလ်ဟမ် (မတ် ၇ ရက်)၊ လိုက်ပ်ဇစ် (မတ် ၁၀ ရက်)၊ ဝုလ်ဗ် (မတ် ၁၅ ရက်) အသင်းတို့နှင့် ပွဲများကို လွဲချော်မည်ဖြစ်ပြီး အစောဆုံး ဧပြီ လဆန်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေသည်။ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း ယခုရာသီတွင် ၎င်းပြန် ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ “ဒါက ခပ်မြန်မြန်ပြန်ကောင်းနိုင်တဲ့ ဒဏ်ရာအမျိုးအစားမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ ပွဲနည်းနည်းလောက် သူပြန်ကစားနိုင်ဖို့ ဖြစ်နိုင်ခြေရှိလောက်တယ်လို့ ကျွန်တော်တို့အားလုံး မျှော်မှန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။

လီဗာပူးလ်အသင်းတွင် အဓိကနောက်ခံလူများဖြစ်သည့် ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်နှင့် မာတစ်တို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသလို ယင်းနေရာတွင် ကစားပေးနေသည့် ဖာဘင်ညိုအပြင် ဟန်ဒါဆန်ပါ ဒဏ်ရာရရှိသွားသဖြင့် ခံစစ်ပိုင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular