spot_img

လီဗာပူးလ်က သူ့ကို စာချုပ်သစ် မကမ်းလှမ်းသေးဘူးလို့ ဗန်ဒိုက် ဖွင့်ဟ

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်သလို အသင်းခေါင်းဆောင်လည်း​ဖြစ်တဲ့ နယ်သာလန် နောက်ခံကစားသမားကြီး ဗာဂျယ်လ် ဗန်ဒိုက်က သူ့ကို အသင်းဘက်ကနေ စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခြင်း မရှိသေးဘူးလို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ ၂၀၁၈ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ လက်ရှိအထိ လီဗာပူးလ်ရဲ့ ခံစစ်တန်းမှာ အရေးအပါဆုံး ကစားသမားအဖြစ် ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

myan789

ဒါပေမယ့် ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၅ခုနှစ်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်သလို ဗန်ဒိုက်ရဲ့ အနာဂတ်ကလည်း လက်ရှိအချိန်ထိ ဘာမှ သေသေချာချာ မသိရသေးတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပါတယ်။ ဗန်ဒိုက်အပြင် အာနိုးနဲ့ မိုဆာလာတို့လို အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေဟာလည်း ၂၀၂၅မှာပဲ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာ ဖြစ်ပါတယ်။

သူရဲ့စာချုပ်အနေအထားနဲ့ ပတ်သက်ပြီးတော့ ဗန်ဒိုက်က “စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ ဘာမှ ပြောင်းလဲလာတာ မရှိသေးပါဘူး။ ဘောလုံးရာသီတစ်ခုက ဘယ်လောက်ကြာအောင် သွားရတယ်ဆိုတာအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေကို လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ထင်မိပါတယ်။”

Virgil van Dijk not get new contract from Liverpool

“ဒါပေမယ့် သူတို့က နောက်ကွယ်မှာ တကယ် အလုပ်လုပ်နေကြပြီးတော့ တစ်သင်းလုံးအတွက် မှန်ကန်တဲ့ အရာတွေကို လုပ်ပေးသွားမယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ဒါက ကျွန်တော် အဓိက အာရုံစိုက်နေတဲ့ အကြောင်းအရာပါ။ ယုံကြည်မှု ထားမှပဲ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။” လို့ ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်ဟာ နည်းပြသစ် ဆလော့လက်ထက် ကစားသမားသစ် ခေါ်ယူမှု လုံးဝ မလုပ်ဆောင်ထားသေးပေမယ့် ဆလော့ နည်းဗျူဟာတွေအောက်မှာ အသင်းက ပုံစံကောင်းတွေကိုတော့ ပြသထားလျက် ရှိနေပါတယ်။ ဒါပေမယ့် အသင်းပရိသတ်တွေကတော့ အနည်းဆုံး ကွင်းလယ်ပိုင်းကို အားဖြည့်စေချင်နေပြီး လီဗာပူးလ်ဘင်ကလည်း စပိန်ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular