spot_img

လီဗာပူးမှာ ကစားခဲ့စဉ်က စတားလင်းထက် ဟာဗေးအယ်လီယော့က ပိုမို သာလွန်တဲ့ အရည်အသွေးတွေကို ပြောပြလိုက်တဲ့ ဒေါင်းနင်း

လီဗာပူး တောင်ပံ ကစားသမားဟောင်း ဖြစ်သူ စတီးဝပ်ဒေါင်းနင်းက ဟာဗေးအယ်လီယော့ဟာ အန်ဖီးမှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ဆိုလိုက်ပြီး ၎င်းကို လီဗာပူးမှာ ၃ နှစ်ကြာ ကစားပြီးနောက် မန်ချက်စတာစီးတီးကို ပြောင်းရွေ့သွားခဲ့တဲ့ ရာဟင်းစတားလင်းနဲ့ ခိုင်းနှိုင်းသွား ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အသက် ၁၈ နှစ် အရွယ် အယ်လီယော့ဟာ ဒေါင်းနင်းနဲ့ အတူ ဘလက်ဘန်းမှာ တွဲဖက် ကစားခဲ့သူ ဖြစ်ပြီး ချန်ပီယံရှစ် ကလပ် အတွက် ၇ ဂိုးသွင်းကာ ၁၁ ဂိုးဖန်တီးပြီး ခြေစွမ်းပြ ကစားခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း ဖူဟမ် လူငယ် ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လီဗာပူးနဲ့ အတူ ကာလရှည် စာချုပ်သစ် ချုပ်ဆိုခွင့် ရခဲ့ပါတယ်။ အယ်လီယော့ဟာ လက်ရှိမှာ လီဗာပူးနဲ့ အတူ ရာသီကြို ပြင်ဆင်မှုတွေ လုပ်ဆောင်လျက် ရှိနေပြီး Tony Mowbray ရဲ့ အသင်းကို ၆-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း ၎င်းဟာ တောက်ပစွာ ကစားခဲ့ပါတယ်။

myan789

အသက် ၃၆ နှစ်အရွယ် ဒေါင်းနင်း ကလည်း အယ်လီယော့ရဲ့ ခြေစွမ်းကို မြင်တွေ့ ခဲ့ရပြီးနောက် အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

ဒေါင်းနင်းက “ဟာဗေးရဲ့ ခြေစွမ်းကို ကျွန်တော် ပထမဦးဆုံး မြင်တွေ့ ခဲ့ရတာ ကတော့ ပြီးခဲ့တဲ့ ဇွန်လက အန်ဖီးမှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ဖြစ်ပါတယ်။ ကျွန်တော် ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင် ဖြစ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဒေါင်းနင်းဟာ အယ်လီယော့ကို မန်စီးတီးကို မပြောင်းရွေ့မီ လီဗာပူး အသင်းမှာ ၃ နှစ် ကစားခဲ့တဲ့ အင်္ဂလန် စတား ရာဟင်းစတားလင်းနဲ့ နှိုင်းယှဉ် ခဲ့ပါသေးတယ်။ ဒေါင်းနင်းနဲ့ စတားလင်း တို့ဟာ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ လီဗာပူးမှာ အတူ အသင်းဖော်တွေ ဖြစ်ခဲ့ပါသေးတယ်။

ဒေါင်းနင်းက “အယ်လီယော့ဟာ အသက် ၁၇ နှစ် ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူဟာ အသက် အရွယ်နဲ့ မလိုက်အောင် တအား ရင့်ကျက်ပါတယ်။ ရာဟင်းစတားလင်း အသက် ၁၇ နှစ် တုန်းက ဘာတွေ လုပ်ပြခဲ့သလဲ ဆိုတာ ကျွန်တော် မှတ်မိနေပါသေးတယ်။ စတားလင်းဟာ မြင့်မားတဲ့ အရည်အသွေးတွေ ရှိခဲ့ပေမယ့် သူ့မှာ ဟာဗေးလို ပွဲကို ကောင်းကောင်း ဖတ်ရှုနိုင်တဲ့ အရည်အသွေး နဲ့ မရှိပါဘူး။ ပြီးတော့ စတားလင်းဟာ ဟာဗေးလောက် ဆုံးဖြတ်ချက် ချရာမှာ မကောင်းခဲ့ပါဘူး။

ဟာဗေးဟာ ပြီးခဲ့တဲ့ ရာသီက ဘလက်ဘန်းမှာ အထူး ခြေစွမ်းပြ ကစားခဲ့ပါတယ်။ သူ ဘယ်လို လေ့ကျင့်သလဲ ဆိုတာကို ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း မြင်တွေ့ ခဲ့ရပါတယ်။ သူဟာ ၂၉ ဂိုး သွင်းယူခဲ့တဲ့ အဒမ်အမ်းစထရောင်းနဲ့ အတူ ဘလက်ဘန်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဟာဗေးဟာ သူ ဘယ်နေရာမှာ ရှိသင့်သလဲ ဘယ်နေရာကို သွားသင့်သလဲ ဆိုတာ အမြဲ သိနေသလို ပါပဲ။

လီဗာပူး အသင်းမှာ နေရာရဖို့ဟာ တကယ့်ကို ကြီးမားတဲ့ စမ်းသပ်မှုပါ။ သူ့အနေနဲ့ မိုဟာမက်ဆာလား နဲ့ ဆာဒီယိုမာနေး တို့ကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ သူဟာ မာနေး ဆာလား တို့နဲ့ ကစားပုံ ကွဲပြားတဲ့ ကစားသမားပါ။ သူဟာ မြန်နှုန်း နဲ့ ပါဝါကို မှီခိုတဲ့သူ မဟုတ်ပါဘူး။ သူဟာ ဖန်တီးမှုတွေ လုပ်ရတာကို ပိုမို နှစ်သက်သူပါ။

သူ လာမည့် ရာသီ ပရီးမီးယားလိဂ်မှာ အရန်ခုံကနေ ကစားခွင့် ရတာတို့ ရှုံးထွက်ဖလား ပွဲစဉ်တွေမှာ လီဗာပူး အတွက် ပွဲထွက်ခွင့် ရတာတို့ကို မြင်တွေ့ ရနိုင်ပါတယ်။ သူ့မှာ မြင့်မားတဲ့ အရည်အသွေး ၊ ယုံကြည်မှု နဲ့ ထိပ်တန်း level မှာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်တဲ့ စွမ်းအင်တွေ ရှိနေတာ သေချာပါတယ်။ ကျွန်တော် ကတော့ သူ့ကို သေချာပေါက် အသုံးပြုသွားမှာပါ။ သူဟာ အသင်း အတွက် အရမ်းကောင်းတဲ့ option တစ်ခု ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular