spot_img

လီဗာပူလ်နှင့်ကစားမည့်ပွဲမှာ မိမိတို့အတွက် ကြီးကျယ်သည့်စမ်းသပ်မှုဖြစ်လာမည်ဟု ဆိုးလ်ရှား ပြောကြား

မန်ယူနည်းပြ ဆိုးလ်ရှားက အန်ဖီးလ်ကွင်းတွင် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲမှာ မိမိတို့အသင်းအတွက် ကြီးကျယ်သည့်စမ်းသပ်မှု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို (၃)ဖြတ်ကာ ဦးဆောင်နေသည့် မန်ယူအသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ဒုတိယနေရာမှ လီဗာပူးလ်အသင်းကို အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

myan789

အန်ဖီးလ်ကွင်းတွင် ပရီးမီးယားလိဂ် (၆၇)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားသည့် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကြောင့် အဆိုပါပွဲစဉ်မှာ မိမိတို့အတွက် ကြီးကျယ်သည့်စမ်းသပ်မှုဖြစ်လာမည်ဖြစ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာက ကျွန်တော်တို့ကို ယုံကြည်မှု ပိုရှိစေပါတယ်။ ဒါက ကျွန်တော်တို့အသင်းက ဘယ်လိုဆိုတာကို ပြသတဲ့သဘောလည်းဖြစ်တယ်။ အန်ဖီးလ်ကွင်းမှာ အံ့ဖွယ်စံချိန်ကို ပိုင်ဆိုင်ထားတဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ ကျွန်တော်တို့အသင်းအတွက် ကြီးကျယ်တဲ့ စမ်းသပ်မှု ဖြစ်လာပါလိမ့်မယ်။ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို ကျွန်တော်တို့ ဝမ်းနည်းအောင် လုပ်နိုင်မလား။ လက်ရှိမှာ သူတို့က ချန်ပီယံဖြစ်ပြီး ကျွန်တော်တို့က စိန်ခေါ်သူပါ။ သူတို့ပိုင်ဆိုင်ထားတာကို ကျွန်တော်တို့ လိုချင်ပါတယ်”ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးတွင် ရမှတ် (၃၆)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၁) နေရာ၌ ရပ်တည်နေပြီး ဒုတိယနေရာမှ လီဗာပူးလ်အသင်း(၃၃ မှတ်)ကို (၃)မှတ် ဖြတ်ထားသည်။

ထို့ပြင် မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်း (၈)ပွဲကစားထားရာတွင် ရှုံးပွဲလုံးဝမရှိဘဲ (၇)ပွဲအထိ အနိုင်ရထားကာ (၁)ပွဲ သရေကျထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular