ဆာဆူအိုလိုအသင်းသည် အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော ကွင်းလယ်ကစားသမား လိုကာတယ်တီအတွက် အနည်းဆုံးပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ရမှသာ ရောင်းထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက်(၂၃)နှစ်အရွယ်ရှိ လိုကာတယ်လီသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင်လည်း အီတလီအသင်းနှင့်အတူ ခြေစွမ်းပြနေပြီး ပြီးခဲ့သည့် ဆွစ်ဇာလန်နှင့်ပွဲတွင် (၂)ဂိုး သွင်းယူခဲ့သည်။
လိုကာတယ်လီကို စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယူရိုပြိုင်ပွဲအပြီးတွင် အပြိုင်အဆိုင်ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
လိုကာတယ်လီသည် ဆာဆူအိုလိုအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ဆာဆူအိုလိုအသင်းအနေဖြင့် ၎င်းကို ထိုက်တန်သည့် ပြောင်းရွှေ့ကြေးမရလျှင် လက်လွှတ်မရှိကြောင်း သိရသည်။
လိုကာတယ်လီသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက ဆာဆူအိုလိုအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး စီးရီးအေ (၃၄)ပွဲတွင် (၄)ဂိုး သွင်းယူပေးခဲ့သည်။