spot_img

လာလီဂါမှာ ဂိုးစတင်သွင်းယူပြီး ရီးရဲလ်မက်ဒရစ်ကိုကယ်တင်ခဲ့တဲ့ အမ်ဘာပေ

လာလီဂါ အဖွင့် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးသစ် ကီလီယန်အမ်ဘာပေဟာ ယနေ့နံနက်က ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်မှာတော့ ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄-၂၅ လာလီဂါရာသီမှာ ရှုံးပွဲမရှိသေးဘဲ ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ မဟာပြိုင်ဘက်က ဘာစီလိုနာနဲ့ ၄ မှတ်အကွာ အမှတ်ပေးဇယားရဲ့ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဖွင့် ၃ ပွဲမှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတဲ့ အမ်ဘာပေကလည်း ဒီပွဲမှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ကြောင်းကို စတင်သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

myan789

ယခုပွဲစဉ်ရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းအစတွေမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ခြေစွမ်းက အထင်ကြီးစရာမရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်စွာအော်ဟစ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သို့သော် ပွဲကစားချိန် ၆၇ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ် အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး ဗယ်လ်ဗာဒီရဲ့ပေးပို့မှုမှတစ်ဆင့် အမ်ဘာပေက စတင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Kylian Mbappe who had missed a goal in the opening 3 games of La Liga

ဒါ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ၇၅ မိနစ်မှာရရှိလာတဲ့ ပင်နယ်တီကိုလည်း အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့တာကြောင့် အသင်းအတွက်အနိုင်သေချာစေခဲ့ပါတယ်။ ထို့နောက်မှာတော့ နှစ်သင်းစလုံး ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတော့လို့ ၂-၀ နဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။

မကြာမီမှာပဲ နိုင်ငံတကာပွဲစဉ်တွေစတင်တော့မှာဖြစ်လို့ အမ်ဘာပေအနေနဲ့ ပြင်သစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ ရီးရဲလ်ဆိုစီဒက်နဲ့ယှဉ်ပြိုင်ရမယ့် လာလီဂါပွဲစဉ်မှသာ အသင်းသို့ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular