spot_img

လာလီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

ဟွယ်ဆကာ – အီဘာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၇:၃၀ နာရီ)
ခုနောက်ပိုင်း ဟွယ်ဆကာရဲ့ခံစစ်ကစားပုံက သိသိသာသာလျော့နေတွေ့ရတယ်။ အိမ်ကွင်းနိုင်ပွဲလည်း မရှိသေးတဲ့အပြင် ခံစစ်ပိုင်းစိတ်မချရမှုက အဝေးကွင်းမှာ ပိုပြီးကစားပြနိုင်သလိုဖြစ်နေတဲ့ အီဘာလိုအသင်းကို ဟွယ်ဆကာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာသေချာတယ်။ အဝေးကွင်းဆိုပေမဲ့ အီဘာနဲ့ ဂိုးအများကို ပိုကြိုက်နေမိတယ်။

ဘာစီလိုနာ – ဘက်တစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၄၅ နာရီ)
လာလီဂါ (၄)ပွဲဆက်နိုင်ပွဲပျောက်နေတာက ဘာစီလိုနာကို ဖိအားပိုရှိလာစေတယ်။ အသင်းက လာလီဂါထက် ချန်ပီယံလိဂ်ဘက်မှာ အလုပ်ပိုဖြစ်သလိုဖြစ်နေတာ၊ လာလီဂါဘက်မှာ တိုက်စစ်က ဂိုးပေါက်မနည်းရှာနေရတာ၊ အသင်းခေါင်းဆောင် မက်ဆီ အခုအချိန်အထိ Open Play ကနေ တစ်ဂိုးမှမသွင်း နိုင်သေးတာ၊ ခံစစ်ပိုင်းက တည်ငြိမ်မှုလိုနေသေးတာတွေက ဒီရာသီ ဘာစီလိုနာရဲ့ အားနည်းမှုတွေလို့ပြောလို့ရနေတယ်။ မက်ဆီဆီက ဂိုးမရချိန်မှာ တခြားအားကိုးရနိုင်တဲ့ ပုံမှန်ဂိုးသွင်းသူမရှိတာကလည်း ဘာစီလိုနာ ဂိုးရဖို့ အဓိကကျတဲ့အခက်အခဲလိုဖြစ်နေတယ်။ အခုဘက်တစ်နဲ့ပွဲမှာလည်း ဘာစီလိုနာအတွက် အဆုံးအဖြတ်ပေးမှာက တိုက်စစ်က ဂိုးရ၊ မရပါပဲ။ ဘက်တစ်ရဲ့အနေအထား အရ ဘာစီလိုနာကို ယှဉ်နိုင်တဲ့အခြေအနေမှာမရှိသေးပေမဲ့ နည်းပြ ပယ်လီဂရီနီရဲ့ အတွေ့အကြုံနဲ့ ပြင်ဆင်လာနိုင်မှုကို လျှော့တွက်လို့မရဘူး။ နူးကမ့်မှာဖြစ်လို့ ဘာစီလိုနာကို ဦးစားပေးထားရမယ်ဆိုရင်တောင် ဂိုးနည်းတဲ့ပွဲမျိုးလို့ပဲထင်တယ်။

myan789

ဆီဗီလာ – အိုဆာဆူနာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၁၂:၀၀ နာရီ)
ချန်ပီယံလိဂ်ဝင်လာချိန်မှာ ဆီဗီလာရဲ့လာလီဂါခြေစွမ်းက လျော့ကျလာနေတယ်။ အထူးသဖြင့် ဆီဗီလာရဲ့တိုက်စစ်ပိုင်း အားနည်းမှုက အသင်းကို အခက်ပိုတွေ့စေသလိုလည်းဖြစ်လာနေတယ်။ ကစားပုံဟန်ချက် ပျက်နေသလိုပါတွေ့ရပြီး လာလီဂါ (၃)ပွဲဆက်ရှုံးနိမ့်ခဲ့ရမှုကလည်း ဖိအားပိုစေလိမ့်မယ်ထင်တယ်။ အိုဆာဆူနာကလည်း နောက်ဆုံးကစားထားတဲ့ အဝေးကွင်း(၂) ပွဲဆက်တိုက် ဂိုးမပေးရအောင်ကစားထားနိုင်တဲ့အသင်းဖြစ် လို့ ဆီဗီလာတိုက်စစ်ကို စိန်ခေါ်နိုင်စွမ်းရှိမှာသေချာတယ်။ ဂိုးနည်း သရေပွဲလို့ပဲ မှန်းထားချင်တယ်။

အက်သလက်တီကို – ကာဒစ်ဇ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၈ ရက်၊ နံနက် ၂:၃၀ နာရီ)
မထင်မှတ်ဘဲ တန်းတက် ကာဒစ်ဇ်ရဲ့ခြေစွမ်းက အဝေး ကွင်းမှာ အားရစရာကောင်းနေတယ်။ အဝေးကွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲရထားပြီး ပေးဂိုးလည်းတစ်ဂိုးမှမရှိအောင်ကစားပြ ထားနိုင်တဲ့ ကာဒစ်ဇ်ရဲ့အဝေးကွင်းအားကို အက်သလက်တီကိုလို ဝါရင့်အသင်းကြီးတစ်သင်းက ဘယ်လိုဖြိုလှဲပြမလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ အက်သလက်တီကိုကလည်း လာလီဂါမှာ တဖြည်းဖြည်း တည်ငြိမ်မှုထုတ်ပြလာနေတယ်။ ပုံစံ ကောင်းပြလာတဲ့အပြင် တိုက်စစ်ပိုင်းကပါ ဂိုးသွင်းနှုန်းတက်လာနေတာက ကျေနပ်စရာပါ။ ဒီတော့ တိုးတက်မှုရှိလာတဲ့ အက်သလက်တီကို တိုက်စစ်ပိုင်းနဲ့ အဝေးကွင်းပေးဂိုး လုံးဝမရှိအောင် ကစားထားနိုင်တဲ့ ကာဒစ်ဇ်ရဲ့ခံစစ်ပိုင်း ထိပ်တိုက်အတွေ့က စိတ်ဝင်စားစရာကောင်းနေတာအမှန်ပဲ။ ဒီတော့ အခုပွဲက ရုရှားမြေမှာ ချန်ပီယံလိဂ်သွားကစားထားရလို့ ပွဲပန်းလာနိုင်တဲ့ အက်သလက်တီကိုရဲ့ အနေအထားက စကားပြောသွားနိုင်ပါတယ်။ ကာဒစ်ဇ်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular