ချယ်လ်ဆီးအသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အသင်း (၅)သင်း အပြိုင်လုရမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။
တူဟယ်လ်က ပရီးမီးယားလိဂ်၏ အစဉ်အလာထိပ်သီး(၆)သင်းအနက် အာဆင်နယ်မှလွဲပြီး ကျန်(၅)သင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က “တကယ့်ကို ခက်ခဲပြင်းထန်တဲ့ ပြိုင်ဆိုင်မှုဖြစ်လာမှာပါ။ ချန်ပီယံပြိုင်ဆိုင်မှုထဲ မန်ယူအသင်း ဝင်ရောက်လာမှာဖြစ်သလို၊ စပါးကလည်း ကွန်တီနဲ့အတူ ဝင်လာပါလိမ့်မယ်။ ကျွန်တော်တို့လည်း ဆက်ရှိချင်ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးကတော့ ပိုပြီးအင်အားကြီးတဲ့အသင်းတွေ ဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။