spot_img

လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုထပ်မံရရှိရန် ပိုခက်ခဲလာမည်ဟု ယာဂန်ကလော့ပ် သုံးသပ်

လီဗာပူးလ်အသင်းအနေဖြင့် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုထပ်မံရရှိရန် ပို၍ခက်ခဲလာနိုင်ကြောင်း နည်းပြ ယာဂန်ကလော့ပ်က သုံးသပ်ပြောကြားသည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းအား ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဆု တစ်ကျော့ပြန်ရယူပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုများလည်း ဆွတ်ခူးရရှိထားသည်။

myan789

လီဗာပူးလ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့် ရာသီပိတ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းအား အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရပြီး မန်စီးတီးအသင်းတင်ရှိထားသည့် တစ်ရာသီအတွင်း နိုင်ပွဲအများဆုံးစံချိန်ကို အမီလိုက် နိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် နိုင်ပွဲ ၃၂ ပွဲရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ နှစ်ရာသီဆက်တိုက် မန် စီးတီးအသင်းတင်ရှိထားသည့် တစ်ရာသီအတွင်း နိုင်ပွဲအများဆုံးစံချိန်ကို အမီလိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လီဗာပူးလ်အသင်းသည် ၃၂ ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံးဖြင့် ၉၉ မှတ်ရရှိခဲ့ပြီး မန်စီးတီးအသင်း၏ ရမှတ် ၁၀၀ စံချိန်ကို အမီလိုက်နိုင်မည့်အခွင့်အရေး လွဲချော်သွားသော်လည်း အသင်းသမိုင်းတစ်လျှောက် ပြီးခဲ့သည့်ရာသီကရရှိခဲ့သည့် ၉၇ မှတ်စံချိန်ကိုကျော်ဖြတ်၍ စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ လာမည့်ရာသီတွင် ချန်ပီယံဆုထပ်မံရရှိရန် ရေပန်းစားနေခြင်းနှင့်ပတ်သက်၍ ယာဂန်ကလော့ပ်က ”နောက်ရာသီအကြောင်း လူတွေက ဘာပဲပြောပြော အဲဒါက အရေးမကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နှစ်သင်းစလုံး (လီဗာပူးလ်နှင့် မန်စီးတီး)က အဆင်သင့်ဖြစ်နေလို့ပါ။ ယူနိုက်တက်တိုးတက်လာတာကို ကျွန်တော်တို့ တွေ့ပါတယ်။ လူတွေက သူတို့အတွက် အခွင့်အရေးမရှိဘူးလို့ ထင်ကြပေမယ့် သူတို့ကစားသမားတစ်ယောက်၊ နှစ်ယောက်က ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်အထိ ကောင်းလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ မြင်နေရပါတယ်။ လာမယ့်ရာသီမှာ သူတို့ ဒီထက်ပိုမဆိုးသွားနိုင်ဘူးဆိုတာ သေချာပါတယ်။ အခုဆိုရင် ချယ်လ်ဆီးကလည်း အင်အားဖြည့်တင်းမှုတွေ ကောင်းကောင်းလုပ်ထားတယ်။ ချယ်လ်ဆီးရဲ့လူစာရင်းမှာ မယုံနိုင်အောင် ကောင်းတဲ့သူတွေရှိသလို အခုဆိုရင် ဟာကင်ဇီယာ့ရှ်နဲ့ ဗာနာတို့ပါ ထပ်ရောက်လာပါပြီ။ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမှာ ကျွန်တော်တို့နဲ့ စီးတီး နှစ်သင်းတည်းမဟုတ်ပါဘူး”ဟု သုံးသပ်ပြောကြားသည်။

လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိချန်ပီယံဖြစ်သော်လည်း လာမည့် ၂၀၂၀-၂၁ ရာသီအတွက် ချန်ပီယံဆုရေပန်းစားမှုစာရင်းတွင်မူ မန်စီးတီးအသင်းက အလေးပေးမှု ၁/၁ ဖြင့် ထိပ်ဆုံးနေရာ သတ်မှတ်ခံထားရကြောင်း သိရသည်။

၎င်း၏နောက်တွင် လီဗာပူးလ်အသင်းက ၁၃/၈ ဖြင့် ဒုတိယ၊ မန်ယူအသင်းက ၁၅/၂၊ ချယ်လ်ဆီးအသင်းက ၁၄/၁ သတ်မှတ်ခံထားရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular